အပိုင်း - ၇၁ - အဆက်

3.2K 796 57
                                    

အပိုင်း - ၇၁ - အဆက်

စာကြည့်ခန်းထဲတွင် ထန်ယွင်ရဲတိုက်၏ တပည့်တပ်သားတစ်ယောက်က လိုက်လံထောက်လှမ်း ရာမှ ပြန်လာကာ ဝမ်းလျိုနျဲန်အား လာရောက်စောင့်ဆိုင်းနှင့်နေပြီဖြစ်သည်။

"ဘာဖြစ်တာလဲ"

တစ်ဖက်လူက မျက်နှာအနည်းငယ်ပျက်နေသည်မို့ ဝမ်းလျိုနျဲန်လည်း ပေါ့ပေါ့ဆဆ သဘောမထားဝံ့ပါချေ။

"ဝမ်တာ့ကွီ့ သေသွားပါပြီ"

ထိုစကားအား ကြားရသည်နှင့် အားလုံးမှာ ထိတ်လန့်သွားကြသည်။ မနေ့ကပင် ရှန့်စံအိမ်၌ ချဥ်စပ်ခေါက်ဆွဲ လာစားသေးသည်မဟုတ်လော၊ ဘာကြောင့်များ ယနေ့ကျ သေဆုံးသွားခဲ့ပြီနည်း။

ရှန့်ယွင်ကျယ်က မျက်မှောင်အနည်းငယ်ကျုံ့ကာ ဆိုလာသည်။

"ဘာဖြစ်ခဲ့သလဲဆိုတာ ရှင်းအောင်ပြောစမ်း"

"ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပေးပါ၊ သခင်ကြီး။ ဒီငယ်သား သေသေချာချာ မစောင့်ကြည့်လိုက်လို့ပါ။ မနေ့က သူ ရှန့်စံအိမ်ကနေ ပြန်ရောက်လာတော့ တံခါးချည်း ပိတ်ထားခဲ့ပါတယ်။ ဒီလိုဖြစ်မယ်မှန်း မထင်ထားတာမို့ အပြင်ကနေပဲ စောင့်ကြည့်နေခဲ့တာပါ။ မိုးလင်းပြီးတဲ့အထိ စောင့်ကြည့်ပြီးတဲ့နောက် ထင်းခုတ်ဖို့ အိမ်ထဲကနေ ထွက်မလာတော့မှ ခေါင်မိုးအုတ်ကြွပ်ကို ခွာကြည့်လိုက်တဲ့အခါ မှောက်လျက်လှဲပြီး သေနှင့်ပြီးသားဖြစ်တဲ့အလောင်းကိုပဲ တွေ့ခဲ့ရပါတယ်"

ဝမ်းလျိုနျဲန်မှ ဆိုသည်။

"အဲ့နေရာကို လူလွှတ်ပြီး အိမ်ကို ချိတ်ပိတ်ထားလိုက်ချေ။ ဒီတာဝန်ကိုတော့ အသင်တို့ဆီပဲ လွှဲလိုက်ပါမယ်၊ ဘယ်လက်ရုံးက ကိုယ်ဝန်တည်နေပြီမို့ သူ့ကို အနှောင့်အယှက် မပေး​ေကာင်းတော့ဘူး "

"ဟုတ်ကဲ့"

အရိပ်တပ်သားလည်း ခေါင်းညိတ်လိုက်ကာ စာကြည့်ခန်းထဲမှ ထွက်သွားလိုက်၏။

"မနေ့ညက ဝမ်တာ့ကွီ့ရဲ့အိမ်ကို အဝင်အထွက်လုပ်သွားတဲ့လူ ရှိသလား"

ထန်ယွင်ရဲတိုက်၏ တပည့်တပ်သားက ခေါင်းခါပြလာ၏။

"မရှိဘူးခင်ဗျာ။ ကျွန်တော်တို့သုံးယောက်လုံးက မတ်တတ်ရပ်ပြီးတော့ကို စောင့်ကြည့်ခဲ့တာပါ၊ တစ်ချိန်လေးတောင်မှ မျက်ခြေမပြတ်စေခဲ့ဘူး။ ဝမ်တာ့ကွီ့ အိမ်ပြန်လာတဲ့အချိန်နဲ့ သေတဲ့အချိန်ကြားမှာ ဘယ်သူစိမ်းကိုမှ မတွေ့မိကြောင်းပါ။ သူ့အခန်းထဲ လျို့ဝှက်ဥမင်တစ်ခုခု ရှိမနေရင်ပေါ့ "

Tu Fei Gong LueWhere stories live. Discover now