အပိုင်း - ၁၀၉ ( ဘယ်တော့မှ ဝက်လက်ဟင်း စားရမှာလဲ )

3.1K 579 31
                                    


အပိုင်း - ၁၀၉ ( ဘယ်တော့မှ ဝက်လက်ဟင်း စားရမှာလဲ )

( ဧကရာဇ်တို့မည်သည် နစ်နာဆုံးရှုံးမှု အဖြစ်မခံပါချေ )

ရှန့်ယွင်ကျယ်နှင့် ဝမ်ကျီတို့မှာ စာရင်းသိမ်းခန်းထဲတွင် အလုပ်ကိစ္စ ဆွေးနွေးနေကြရာ မုချင်းရှန်းလာပြောသောစကားကို ကြားသောအခါ အနည်းငယ်အံ့ဩသွားကြ၏။

"ဧကရာဇ်ကပါ အဲ့ပိတ်စလိပ်ကို စိတ်ဝင်စားနေတယ်?"

"အင်း၊ ဒီနေ့ အမတ်မင်း အပြင်သွားတာ အဲ့အဖွဲ့ကို သွားရှာဖို့တဲ့။ အခု အမတ်မင်း စာကြည့်ခန်းထဲမှာ ရှိနေတယ်၊ ခင်ဗျားတို့ကို မေးချင်တာလေး ရှိလို့တဲ့ "

"အင်း၊ သွားကြည့်ကြစို့"

၊ရှန့်ယွင်ကျယ်မှ ထိုသို့ပြောလာသောအခါ ဝမ်ကျီလည်း ခေါင်းညိတ်လိုက်ပြီး ရှေ့ဧည့်ခန်းဆောင်သို့ အတူထွက်လာလိုက်ကြ၏။

"သခင်ကြီးရှန့်၊ ဦးလေးဝမ်"

ဝမ်းလျိုနျဲန်လည်း သူတို့ရောက်လာသည်နှင့် မတ်တတ်ရပ်ပြီး နှုတ်ဆက်လာ၏။

"မိုးချုပ်နေတာတောင် ခုလို လာနှောင့်ယှက်ရတာ အားနာမိပါတယ်"

ရှန့်ယွင်ကျယ်က ထိုင်ခုံအား ဆွဲယူပြီး ထိုင်လိုက်၏။

"အားမနာလိုက်ပါနဲ့၊ အမတ်မင်း ။ ဒီနေ့ အမတ်မင်းလည်း အဲ့မျက်လှည့်ဆရာအဖွဲ့ကို သွားရှာလာခဲ့တယ်ဆို?"

"ဟုတ်ကဲ့"

ဝမ်းလျိုနျဲန် ခေါင်းညိတ်လိုက်၏။

ဝမ်ကျီက စိုးရိမ်စွာ ပြောလာသည်။

"အမတ်မင်း အဲ့ကို သွားမယ်မှန်း ကြိုသိရင် ကျွန်တော် သတိပေးလိုက်ရမှာ။ အဲ့လူတွေက ဟန့်စကားလည်း နားမလည်တဲ့အပြင် ခေါင်းမာကြတယ်။ ပြီးတော့ လူကောင်းသူကောင်းဖြစ်မယ့်ပုံလည်း မပေါ်ကြဘူး။ အမတ်မင်း ၊ ကြောက်တော့မကြောက်ဘူးမလားဟင်"

"ဟင့်အင်း၊ အဲ့အဖွဲ့က ဦးလေးဝမ်ကို ငြင်းလွှတ်လိုက်တာလား"

"ငြင်းလွှတ်တာထက် ပိုပါတယ်"

ထိုစကားကိုကြားတော့ ဝမ်ကျီ ခေါင်းခဲလာ၏။

Tu Fei Gong LueWhere stories live. Discover now