အပိုင်း -၁၆၁ ( ‌လာဘ်‌ေခါ်‌ေကာင်များ အောင်သွယ်တော်အစစ်နှင့် တွေ့ရခြင်း )

1.7K 365 34
                                    

အပိုင်း -၁၆၁ ( ‌လာဘ်‌ေခါ်‌ေကာင်များ အောင်သွယ်တော်အစစ်နှင့် တွေ့ရခြင်း )

( ဒီက လုလင်လေး၊ အသက်ဆယ့်ခုနစ်နှစ်ဆိုတာ လက်ထပ်ဖို့သင့်တော်တဲ့အရွယ်ပဲကွဲ့ )

ဤနှစ်ပေါင်းများစွာအတွင်း ငွေကြေးပမာဏများစွာ အဘယ်ကြောင့်ကုန်ဆုံးသွားသနည်းဆို‌ေသာ အကြောင်းရင်းကို မိမိဘက်မှ ခြစ်ကုတ်တွေးတာကာ ဆင်ခြေအဖြစ်ရှာပြောခဲ့သော်ငြား တန်ပြန်အနေနှင့် အတင်းအကျပ်အလှူခံရမည်ဟု မထင်ထားခဲ့ပါ ။ စားသောက်ဝိုင်းထဲရှိနေသော အရာရှိများကလည်း ကြံရာမရဖြစ်ကြကာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ တစ်ခုခုပြောလိုက်လျှင် ထောင်ချောက်နှင့်တိုး‌ေတာ့မည့်အလားမည်သည့်အကြောင်းအရာကိုမှ စကားမဟရဲကြတော့ ။

ဝမ်းလျိုနျဲန်ကမူ ထိုကိစ္စအတွက် အားမနာပါချေ၊ အစကတည်းကပင် မျက်နှာလိုမျက်နှာရလုပ်ဖို့ ရောက်လာခဲ့ခြင်းမဟုတ်သည်မို့။ မည်သူကမှ စကားမပြော‌ေတာ့သလို မိမိ၏စားသောက်နေမှုအား ဝင်မတားကြသဖြင့် ဤအခြေအနေက ပို၍ပင်ကောင်းနေ‌ေသးသည်ဟု ဝမ်းလျိုနျဲန် မှတ်ယူထားသည်။ ထို့ကြောင့် အသားကင်တစ်ပွဲကုန်တော့မတတ် တူလေးနှင့်သာ အေးအေးဆေးဆေး ယူစားနေသော ဝမ်းလျိုနျဲန်ကို အားလုံးက အတိုင်းသား ငေးကြည့်နေရလို့။ သူ့ရှေ့တွင် ပင်လယ်စာ၊ ခရု ၊ မျှစ်နုနှင့် အသားများ များစွာရှိနေသော်ငြား မျက်တောင်တစ်ခတ်စာအတွင်း ပြောင်သလင်းခါသွား‌ေပ၏။

ချူဟိန်မှာ ဝမ်းလျိုနျဲန်စားသောက်နေသည်ကို ယခုမှ မြင်ဖူးရာ သူ့အစား ဗိုက်တင်းနေလို့။ ထိုသူမှာ ပျော့တိပျော့ဖတ် စာပေပညာရှင်တစ်ယောက်အသွင်သာ ရှိရာ အဘယ်သို့များ လူကောင်ထွားထွားယောကျ်ားကြီးများထက် စားနိုင်သောက်နိုင်လှပါသနည်း။

ဝမ်းလျိုနျဲန်က ချူဟိန်ကို မော့ကြည့်ကာ မေးလိုက်သည်။

"ဘာလို့ လူကို အဲ့လိုစိုက်ကြည့်နေတာပါလဲခင်ဗျာ"

"အဟွတ်၊ အဟွတ်"

ချူဟိန်မှာ ဟင်းရည်ပင် သီးသွားပြီး၏။

"အမတ်မင်း၊ ထမင်းလိုက်ပွဲ ထပ်ယူဦးမလားလို့ မေးမလို့ပါ"

"အာ၊ ရပါတယ်၊ ရပါတယ်။ စားတာသောက်တာ များလွန်းသွားရင် မကောင်းဘူးလေ"

Tu Fei Gong LueWhere stories live. Discover now