အပိုင်း - ၇၈ ( မြောက်ပို်င်းမှလာသည့်သူ)

2.9K 715 74
                                    


အပိုင်း - ၇၈ ( မြောက်ပို်င်းမှလာသည့်သူ)

( ကမ္ဘာမြေအဆုံးထိ မင်းနဲ့အတူ ရှိနေမယ် )

"ဧကရာဇ်အရှင်က အမတ်မင်းကို ရွှေမြို့တော် ပြန်သွားစေလိုပါတယ်တဲ့"

ဝမ်းလျိုနျဲန် - "......"

ခုချက်ချင်းလား။

"ဒီနှစ်တွေအတွင်း အမတ်မင်းဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုအားလုံးကို ဧကရာဇ်အရှင်က လွန်စွာမှ ချီးကျူးနေတော်မူပါတယ်ခင်ဗျာ။ နှစ်စဥ်နှစ်တိုင်း ဝန်ကြီးမှူးမတ်အပေါင်းနဲ့ နှစ်သစ်ကူးညစာ ကျင်းပရင်တောင် အမတ်မင်းအတွက် နေရာတစ်နေရာစာ အမြဲချန်တော်မူလေ့ရှိပါတယ်"

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါ။ အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"

"အစကတော့ ဧကရာဇ်က အမတ်မင်းကို နန်းတော်ပြန်မလာခင် အပြင်မှာ ဆယ်နှစ်အတွေ့အကြုံယူချင်ယူပါစေလေဆိုပြီးတော့ပဲ ထားတော်မူခဲ့တာပါ။ အခုတော့ ညီလာခံထဲ လစ်လပ်ရာထူး ရှိလာတာမို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်တော်မူခဲ့တာပါ"

"တပ်မှူးရော ဘယ်အချိန်ပြန်မှာလဲ"

"သိပ်မလောပါဘူးခင်ဗျာ။ ဆန်းမန်မြို့ကို ယာယီမြို့စားမင်း ရွှေ့ပြောင်းခန့်အပ်ပေးဖို့ ဆန်းအာခရိုင်က လူကြီးမင်းလူကို သွားရှာရဦးမှာပါ။ နောက်လသုံးရက်နေ့ဆိုရင်ကော အမတ်မင်း ဘယ်လိုသဘောရလဲခင်ဗျ?"

ဝမ်းလျိုနျဲန်ကမူ တိတ်ဆိတ်နေမြဲ။

"အဆင်မပြေဘူးရှိရင် ကျွန်တော်မျိုးကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ရပါတယ်ခင်ဗျာ"

"ဆန်မန်တောင်ပေါ်က ဓားပြကိစ္စ မပြီးစီးသေးလို့ပါ"

"တခြားအရာရှိတွေ အစားထိုးတာဝန်ယူသွားပါ့မယ်ခင်ဗျာ"

"တပ်မှူးချိန့် ဘာမှမသိလို့။ ကျားခေါင်းဂိုဏ်းက သာမန်ဓားပြဂိုဏ်းမဟုတ်ဘူး၊ သူတို့က ရှီးနန်ဂိုဏ်းတစ်ခုခုနဲ့ ပတ်သက်မှုရှိနေတယ်လို့ ပန်ကွမ်း သံသယရှိတယ်။ သူတို့ဆီကို ပန်ကွမ်း လူနှစ်ခါလွှတ်ပြီး စုံစမ်းခို်င်းတော့ အဲ့ကလူက ဧရာမလူထွားကြီး၊ ပြီးတော့ -  "

Tu Fei Gong LueWhere stories live. Discover now