အပိုင်း - ၁၀၆ ( ဘာလို့ ငါကပဲ အမြဲ ဗလက္ကာရပြုခံရတဲ့ လူဖြစ်နေတာလဲ )

3.1K 607 31
                                    

အပိုင်း - ၁၀၆ ( ဘာလို့ ငါကပဲ အမြဲ ဗလက္ကာရပြုခံရတဲ့ လူဖြစ်နေတာလဲ )

( ဓားပြဗိုလ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ )

"ဟိတ်၊ ဘာခိုးလာတာလဲ"

ရှန့်ယွင်ကျယ်က လူကို ဖမ်းချုပ်ထားလိုက်သည်။

"အာ"

မုချင်းရှနးက မော့ကြည့်လာ၏။

ရှန့်ယွင်ကျယ်က ပြုံးလိုက်ကာ လူကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။

"မင်းက ကိုယ့်ရင်ခွင်ထဲ တည့်တည့်ကြီးဝင်တိုက်မိမှာတောင် သတိမထားမိဘဲ ဘာတွေ လောနေတာလဲ။  နန်းတော်ထဲကများ ကျောက်မျက်ရတနာ သွားခိုးလာသလား"

"မဟုတ်ပါဘူး"

မုချင်းရှန်းက ပူပြင်းရဲတွတ်နေသော ပါးနှစ်ဖက်ကို လက်ဖြင့် အုပ်ထားလိုက်၏။

"ခေါင်းဆောင်ကျောက်နဲ့ အမတ်မင်းတို့ "

"ဟင်၊ ခေါင်းဆောင်ကျောက်နဲ့ အမတ်မင်းတို့ ဘာဖြစ်လို့လဲ။ ခုတောင် ကိုယ် အမတ်မင်းဆီ လူနာသွားမေးမလို့လေ"

ရှန့်ယွင်ကျယ်၏ လက်ထဲတွင်လည်း ကွေ့ဟွားမုန့်တစ်ထုပ် ကိုင်ထားလျက်ရှိ၏။

မုချင်းရှန်းကမူ နောက်ထပ်တစ်ဖန် မျက်နှာနီရဲသွားကာ ရှန့်ယွင်ကျယ်အနား တိုးတိုးလေးကပ်ပြောလာသည်။

"တကယ်ကြီး?"

ရှန့်ယွင်ကျယ်က မေးစေ့ကို ပွတ်သပ်လာသည်။

"အင်း၊ ခင်ဗျား အမတ်မင်းဆီ မသွားသေးရင် ပိုကောင်းမယ်။ သွားမရှုပ်လိုက်နဲ့ဦး"

မုချင်းရှန်းက သူ့လက်ကိုဆွဲကာ ခေါ်ထုတ်လာလိုက်၏။

ရှန့်ယွင်ကျယ် ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့။ အခု ကိုယ်တို့ ဘယ်သွားကြမလဲဟင်"

"အိပ်ခန်းထဲ"

"ဟင်၊ အမတ်မင်းကို အတုခိုးမလို့လား"

ရှန့်ယွင်ကျယ် စနောက်လိုက်သည်။

မုချင်းရှန်း၏ ခြေလှမ်းများ ရပ်တန့်သွား၏။

"လမ်းပေါ်ပဲ သွားကြစို့"

Tu Fei Gong LueWhere stories live. Discover now