အပိုင်း - ၁၂၅ ( လမ်းခုလတ်ရှိ ရုန်းရင်းဆန်ခတ်ပြဿနာ)

2.2K 429 46
                                    


အပိုင်း - ၁၂၅ ( လမ်းခုလတ်ရှိ ရုန်းရင်းဆန်ခတ်ပြဿနာ)

( လူသတ်သမားတွေကို မျက်နှာဖုံးတပ်ထားတဲ့လူတွေ လုယူသွားတယ် )

မြို့ပြင်တစ်နေရာဝယ်။

အခြွေအရံစုံလင်လှစွာသော မြင်းလှည်းတန်းတစ်ခုက မြို့တော်ရှိရာ ရှေ့ဆက်လာကြကာ မြင်းလှည်းထဲရှိ မုဟန်ယဲ့ကမူ တရားကျင့်နေသော ဘုန်းကြီးတစ်ပါးအလား ခံစားချက်ဗလာကျင်းစွာ ထိုင်နေသည်။

ဟွမ်ယွမ်မှ သတိပေးလာ၏။

"မြို့တော်တံခါးဝ ရောက်တော့မယ်နော်၊ ပြုံးပြုံးပျော်ပျော်လေး နေပါဦး"

သာမန်ပြည်သူတွေသာ ဒီမျက်နှာဆူပုပ်ပုပ်ကြီး မြင်သွားရင် နောက်သုံးလေးငါးလလောက်ထိ ​​စကားဝိုင်းထဲ ပြောလို့မဆုံးဖြစ်တော့မယ်။

မုဟန်ယဲ့က သက်ပြင်းချလိုက်သည်။

"မပျော်နိုင်ပါဘူးလေ"

ဟွမ်ယွမ်၏ခေါင်းထဲ ပူထူသွားသည်။

လုပ်ပြန်ပြီ။

မုဟန်ယဲ့က ခါးသက်နာကျင်စွာ ဆိုလာ၏။

"တိုင်းပြည်တစ်ခုကို အပိုင်စားအုပ်ချုပ်နေရပေမယ့် လတ်လျားလတ်လျား သောင်းကျန်းနေတဲ့ မိစ္ဆာမကို ဖမ်းမမိသေးတာ ကိုယ် ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ လက်စွဲတော်ဓားနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မှ ချီးကြွယ်ပြည်ရဲ့ဘိုးဘေးဘီဘင်တွေကို မျက်နှာပြရဲပါတော့မယ်"

ဟွမ်ယွမ် - "...."

မုဟန်ယဲ့၏လက်က သွမ့်ဖုန်းဓားအား ဖြည်းနှေးစွာ ဆွဲထုတ်လာ၏။

ဟွမ်ယွမ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလှပေပြီ။

"ပေါက်ကရတွေ ထပ်မလုပ်ပါနဲ့တော့"

ဒီမနက် အိပ်ရာထပြီးပြီးချင်း တခြားကိစ္စ အလျင်လိုနေလို့ သူနဲ့ ဟိုကိစ္စ မလုပ်မိတာနဲ့ပဲ လူကို မိစ္ဆာမဇာတ် သွင်းလိုက်တာလား။

မုဟန်ယဲ့က အခွင့်အရေးကို ဆုပ်ကိုင်လိုက်က မေးမြန်းတောင်းဆိုလာသည်။

"ဒါဆို အားဟွမ် ၊ ကိုယ့်ကို် အကြင်နာပေးပေး"

ဟွမ်ယွမ်ကမူ ထိုစကားအား မကြားလိုက်သလိုသာ ဟန်ဆောင်လိုက်ကာ မြင်းရထား၏ ကန့်လန့်ကာစအား လှပ်ပြီး အပြင်သို့ လှမ်းပြောလိုက်၏။

Tu Fei Gong LueWhere stories live. Discover now