အပိုင်း - ၁၁၆ ( စားသောက်ဆိုင်၌ တွေ့ဆုံခြင်း)

2.2K 534 25
                                    

အပိုင်း - ၁၁၆ ( စားသောက်ဆိုင်၌ တွေ့ဆုံခြင်း)

( သခင်လေးကို ကျွန်းပေါ် ပြန်ခေါ်သွားမယ် )

မြို့တော်သို့ပြန်မလာခင် ယွင်သွမ့်ဟွန်မှာ ကျောက်ယွဲနှင့် ဝမ်းလျိုနျဲန်တို့၏ ဇာတ်လမ်းများအား ဆယ်ခုထက်မက ကြားဖူးထားပြီးသားဖြစ်သည်။ ဇာတ်လမ်းများမှာ နောက်ပိုင်းရောက်လေ ဇာတ်ကြောင်းပိုကောင်းလာလေဖြစ်ကာ သခင်လေးကျောက်မှာ ခြစ်ခြစ်တောက်အပူနေသော နေရောင်အောက်မှာပင် မိုးကြိုးလျှပ်စီးများကိုပါ ဆင့်ခေါ်ပြီး ဓားပြများအား ပစ်ခွင်းလောင်မြိုက်စေခဲ့သည်ဟုပါ ပါ၏။ ထိုစဥ်က အမတ်မင်းဝမ်းမှာ ပန်းခြင်းလေးတစ်ခုထဲတွင် စံပျော်နေကာ ကျောက်ယွဲ့ဆီသို့ ဇာမဏီငှက်ကိုယ်တိုင် ယူလာဆက်သသဖြင့် ကောင်းကင်မှတွဲစပ်ပေးသော နတ်ဖက်စုံတွဲမှန်း သိသာထင်ရှားနေစေသည်။

"ဧည့်သည်​ေတာ်တို့က ခေါင်းဆောင်ကျောက်နဲ့ အမတ်မင်းဝမ်းရဲ့ ဇာတ်လမ်းကို စိတ်ဝင်တစားရှိနေကြတာလားဟင်"

ထိုနှစ်ယောက်အကြောင်း မရပ်မနား မေးလာသောသည်မို့ စာအုပ်ဆိုင်ပိုင်ရှင်လည်း စူးစမ်းလိုစွာ မေးလာ၏။ ထို့နောက် ဗီဒိုအောက်ဆုံးမှ သေတ္တာလေးတစ်ခု ထုတ်ယူပြလာရာ ထိုအထဲတွင် ပုံတိုပတ်စစာအုပ်များ များစွာရှိနေသည်။

"ဒါက နောက်ဆုံးထွက်လက်ရာနော်၊ အင်မတန်ကိုမှ အရောင်းသွက်တာ။ တစ်အုပ်လောက် ယူကြမလားခင်ဗျာ။ ဒါတွေအကုန် ယူမယ်ဆိုရင် ဆယ်ရာခိုင်နှုန်း စျေးလျှော့ပေးမှာနော်"

ဝူဖုန်းမှာ အနည်းငယ် တွေဝေသွား၏။

" ဖွက်ထားပြီးမှတော့ ဘာလို့ ယူလာရောင်းတာလဲ"

"ဟဲဟဲ၊ ဒါကတော့ - "

ထို့နောက် စာအုပ်ဆိုင်ပိုင်ရှင်က ဘေးနားတွင် လူမရှိမှန်းသေချာအောင် ဘေးဘီဝဲယာလှည့်ကြည့်လိုက်ပြီးမှ ဆက်ပြောလာ၏။

"အမတ်မင်းဝမ်းက ဘုရင့်ညီလာခံထဲက မှူးမတ်အရာရှိလေဗျာ။ ဂိုဏ်းချုပ်ချင်နဲ့ သခင်လေးရှန်တို့ဇာတ်လမ်းလို ဆိုင်ပေါ် တင်ရောင်းဖို့ သိပ်မလွယ်လှဘူး။ ဘေးကင်းလုံခြုံအောင်ထားတာ ပိုကောင်းတာမို့လို့ပါ"

Tu Fei Gong LueWhere stories live. Discover now