အပိုင်း - ၁၂၂ ( အမတ်မင်းရဲ့ယင့်ထန်နေရာက မှောင်မည်းနေတယ် )

2.1K 469 27
                                    


အပိုင်း - ၁၂၂ ( အမတ်မင်းရဲ့ယင့်ထန်နေရာ မှောင်မည်းနေတယ် )

( အာသာဆန္ဒ မပြည့်ဝတဲ့အကြောင်း ဒီတိုင်း တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်တယ် ​)

ဟွိုင်ဟွားမုန့်ရောင်းသောဆိုင်မှာ တံခါးမကြီးပိတ်ထားကာ ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း တီးတိုးတီးတိုး ပြေနေကြသည်မို့ ထူးဆန်းနေ၏။

"ဒီက ညီလေး"

ရှန့်ယွင်ကျယ်က သူ့ဘေးနားရှိ ယောက်ျားတစ်​ေယာက်အား မေးလိုက်သည်။

"ဒီဆိုင် ဘာဖြစ်နေလို့လဲ"

"အသင်တို့က တခြားနေရာကနေ လာတာထင်တယ်။ ဟွိုင်ဟွားမုန့် လာဝယ်ဖို့ဆိုရင်တာ့ မြို့ထဲက တခြားဆိုင်တွေဆီပဲ သွားလိုက်ပါဗျာ။ လောင်ယန်ရဲ့ဆိုင်တော့ ထပ်ဖွင့်တော့မှာ မဟုတ်ဘူး"

,"ဟင်၊ ဘာကြောင့်လဲ"

"ဒါက....ပြောလို့ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဗျာ"

ထိုယောက်ျားက ခေါင်းတတွင်တွင် ခါနေလျက်။ ထိုအခါ ဘေးနားရှိ အဒေါ်ကြီးတစ်ယောက်ကလည်း သက်ပြင်းချလိုက်ပြီး ပြောလာ၏။

"မလုပ်သင့်တာ လုပ်မိတဲ့ကိစ္စပါကွယ်။ လောင်ယန်နိုးလာတော့ သူ့မိန်းမက တစ်ရွာတည်းသား တခြားယောက်ျားနဲ့ ခိုးရာလိုက်ပြေးသွားသတဲ့။ နောင်ဆို ဘယ်လိုလုပ် လူကြားထဲ ခေါင်းမော့ရင်ကော့နိုင်မလဲမသိ "

ထိုစကားကို ကြားသောအခါ မုချင်းရှန်းနှင့် ရှန့်ယွင်ကျယ်တို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်မိသွားကြသည်။

လောင်ယန်ရဲ့မိန်းမက တခြားယောက်ျားနဲ့ ခိုးရာလိုက်ပြေးသွားတယ်?

"ထူးတော့ထူးဆန်းတယ်။ သူတို့လင်မယားက အချင်းချင်း သိပ်ချစ်ကြမှန်း သိသာနေတာကို၊ ဘယ်လိုလုပ်ပြီး အခုကျမှ တခြားလူနောက် ခိုးရာလိုက်သွားတာလဲ"

"အေးလေ၊ အရင်ရက်က လောင်ယန် မုန့်လုပ်ရင်း လက်ကို ဓားရာသေးသေးလေးရှမိတာတောင် ဆိုင်ကို သုံးလေးရက် ပိတ်ပစ်လိုက်တာ။ အကျိုးအကြောင်းမေးကြည့်တော့ လောင်ယန်က ပြုံးပြီး သူ့မိန်းမက သူ့လက်ဓားရှတာကြောင့် စိတ်တိုလို့ မုန့်တောင် ပေးမနယ်ရက်သေးလို့ပါတဲ့"

Tu Fei Gong LueWhere stories live. Discover now