အပိုင်း - ၁၈၆ ( ပေ့ရှားပင်လယ်ကွေ့စစ်ပွဲ : အပိုင်း -၂)

1.2K 294 28
                                    

အပိုင်း - ၁၈၆ ( ပေ့ရှားပင်လယ်ကွေ့စစ်ပွဲ : အပိုင်း -၂)

( ရှောင်လျို့ကျီက တစ်ခါမှ မရိုကျုးတတ်ခဲ့ဘူး)

ချိုက်ချန်မှ ထပ်မေးလာ၏။

"မင်းက ဘယ်သူ့လူလဲ။ ငါ သေရမယ့်ဆိုရင်တောင် သံသယကင်းကင်း သေခွင့်ပေး "

"မင်းတို့လိုကောင်က အသေဖြောင့်ဖို့တောင် မထိုက်တန်ဘူး"

ကျောက်ယွဲ့၏လေသံမှာ အေးစက်လွန်းလှ၏။ ချိုက်ချန်မှာ အလိုလို ‌ေနာက်ဆုတ်မိလျက်သာ။

"မင်း... ဘယ်လိုလုပ်မှ မင်း ငါ့ကို လွှတ်ပေးမှာလဲ"

ကျောက်ယွဲ့မှာ ကျီ့ယွဲ့ဓားကို ပို၍မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။

"အပြစ်မဲ့ကလေးသူငယ်တွေကို အန္တရာယ်ပြုခဲ့တဲ့ကောင် ဆယ်ခါပြန်သေတာတောင် ငါ မသနားဘူး။ အသက်ချမ်းသာရာရမယ်လို့ မထင်နဲ့ "

သူ၏စကားအသွားအလာအရ ဧကရာဇ်ဘက်မှလူ ဖြစ်ကြောင်း မှန်းဆနိုင်လိုက်ရာ ချိုက်ချန်မှာ ကျယ်လောင်စွာ ပြောလာ၏။

"ချူချိန့် ထွက်ပြေးသွားတယ်မလား။ အဲ့ကောင်ထွက်လာအောင် ငါ မျှားခေါ်နိုင်တယ်။ ဧကရာဇ်ကလည်း သူ့ကို ဖမ်းချင်နေတာမလား။ ငါကတော့ မသေရင်ကိုရပါပြီ"

ပြောရင်းဆိုရင်းနှင့် ချိုက်ချန်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ကျောက်ဆောင်ပေါ်ရှိ ယန္တရားခလုတ်အား ဖိလိုက်သည်။

ထိုအခါ ပွယောင်းသော သဲသောင်ပြင်မှသည် မြားတံပေါင်းများစွာ ထွက်လာသဖြင့် ကျောက်ယွဲ့လည်း လေထဲသို့ ခုန်တက်လိုက်သည်။ လက်ထဲကိုင်ထားသော ဓားသွားမှာ ညအလယ်၌ လင်းလက်နေလို့။ လက်နက်ချင်းထိခတ်သံများ ခဏမျှကြားလိုက်ရအပြီး မြားတံအားလုံးမှာ ကျိုးပျက်ကာ အပိုင်းပိုင်းအစစ ပြန်ပြုတ်ကျသွားလေ၏။

"မြန်လိုက်တာ"

ကျိုးမုပိုင်နောက်မှ လိုက်လာသော အရိပ်တပ်သားများသည်ပင် အနည်းငယ်အံ့ဩသွားကြရသည်။ ကျောက်ယွဲ့၏ဓားသိုင်းစွမ်းရည်မှာ ထူးချွန်‌ေပြာင်‌ေမြာက်လွန်းနေရုံသာမက လှုပ်ရှားမှုတိုင်းက နှောင့်နှေးမှုမရှိဘဲ မိုးကြိုးလျှပ်စီးနှင့် လေအလျဉ်ပမာ လျင်မြန်လှပေ၏။ တစ်ဖက်ရန်သူကိုလည်း တုံ့ပြန်တိုက်ခိုက်ဖို့ပင် အခွင့်မပေးသော တိုက်ကွက်များပါပေ။

Tu Fei Gong LueWhere stories live. Discover now