အပိုင်း - ၉၃ ( ရှောင်မုထို လက်ထပ်ပြီ )

3.5K 674 74
                                    


အပိုင်း - ၉၃ ( ရှောင်မုထို လက်ထပ်ပြီ )

{ အမတ်မင်းဝမ်း အစာငတ်ခံ ဆန္ဒပြနေပြီ }

ဓားပြများအား အကုန်ချေမှုန်းပြီးပြီဟု ဆိုလင့်ကစား နားနားနေနေ အေးအေးဆေးဆေး နေရမည့်သဘော မသက်ရောက်သေးပါ။ ထိုဓားပြသိုက်များကို ရှင်းလင်းရန် လူသူအင်အားများကို ခေါ်သွားရသေးကာ တောင်တန်းတစ်လျှောက်ရှိ ပထဝီမြေပြင်အနေအထားကို ပြန်ရေးဆွဲရ၏ ။ လူမနေသောမြေရိုင်းများကို အသုံးပြုခွင့်ပေးရ၏။ စိုက်ပျိုးမွေးမြူရေးအဆင်ပြေဖို့ လမ်းဖောက်ရ၏။ ထိုကိစ္စများကလည်း နှောင့်နှေးကြန့်ကြာစေ၍ မဖြစ်ပြန်။

သို့သော် ထိုကိစ္စများမတိုင်ခင် ဆန်းမန်မြို့သားများမှာ ကိစ္စအကြီးကြီးတစ်ခုအား စိတ်ဝင်တစားရှိနေကြ၏။

"မင်း ဘာပြောလိုက်တယ်?"

ရှောင်စန်းကျီက သစ်ပင်ရိပ်တွင် ထိုင်လျက် ဖရဲစေ့လှော် စားနေကာ တောက်ပပြုံးရွှင်သော မျက်နှာဖြင့် ပြောလာ၏။

"တခြားမြို့ကလာတဲ့ ဧည့်သည်တွေရှိတယ်၊ ဟုတ်စ။ အေးကွာ၊ ဆန်းတော့မဆန်းပါဘူး။ မနက်ဖြန်မနက်ကျ စောစောထပြီး ပျော်ပွဲရွှင်ပွဲကြည့်ကြရမယ်ကွယ်ရို့။ ထန်ယွင်ရဲတိုက်က သခင်ကြီးရှန့် လက်ထပ်တော့မှာတဲ့ဟ!!!!"

သိုင်းလောကထဲရှိ မျိုးကြီးရိုးကြီးများမှာ လွန်စွာမှပင် ချမ်းသာကြွယ်ဝလှရာ ကိုယ်ရေးအရာရှိမု၏ အိမ်ရှေ့၌ မြင်းလှည်းအစီးရေများစွာ ဆိုက်ရောက်နေသည်သာမက တစ်မြို့လုံးရှိလူကိုပင် နီလွင်လှပသော မင်္ဂလာပွဲမုန့်များ လိုက်လံဝေငှပေးနိုင်၏။ စံအိမ်ကြီးတွင်လည်း မင်္ဂလာရက်အတွက် အကြီးအကျယ်ပြင်ဆင်နေကြလို့ ။ မြို့သူမြို့သားပင်ဖြစ်စေ၊ တခြားမြို့မှလာသည်ဖြစ်စေ ထိမ်းမြားပွဲအတွက် ဝင်ရောက်ဂုဏ်ပြုလိုပါက လွတ်လပ်စွာ ဝင်ရောက်ဂုဏ်ပြုနိုင်ကာ ဗိုက်ကားနေအောင်လည်း စားသောက်ခွင့်ရမည်မို့ အတော်ကောင်းလှပေသည်။

ညမိုးချုပ်လာသည့်တိုင် ထန်ယွင်ရဲတိုက်ထဲတွင် အလုပ်ရှုပ်နေကြဆဲဖြစ်ကာ မြို့ထဲရှိ မြို့စားမင်းရုံးတွင်လည်း ကိုယ်ရေးအရာရှိမုအိမ်သို့ မနက်ဖြန်မနက် ပို့ပေးဖို့ လက်ဖွဲ့စာရင်းများ ရေတွက်ခြင်းလိုက်၊ အခြားထုံးတမ်းစဥ်လာများကို ဆောင်ရွက်လိုက် လုပ်နေကြ၏။ ကျွေ့ယင်နန်းကလူများကိုမူ စကားထဲထည့်ပြောစရာပင် မလိုပါ။ ညမိုးချုပ်သည့်တိုင် ဟိုဟိုဒီဒီ ပြေးလွှားနေကြရာ မုချင်းရှန်းတစ်ယောက်တည်းကပင် ဘာဆိုဘာမှမလုပ်ရဘဲ ငြိမ်နေရ၏။ မရီးဖြစ်သူက အိပ်ရာစောစောဝင်ရန် လာပြောသော်ငြား အတန်ကြာသည့်အထိ အိပ်မပျော်နိုင်ခဲ့ပါချေ။ မျက်လုံးဖွင့်ထားလည်း ထိုသူ၊ မျက်လုံးပိတ်ထားလည်း ထိုသူကိုသာ မြင်ယောင်နေမိ၏။

Tu Fei Gong LueWhere stories live. Discover now