အပိုင်း - ၁၂၄ - အဆက်

2K 443 21
                                    

အပိုင်း - ၁၂၄ - အဆက်

ဖန်းကျားမြို့ဝယ်။

ယန်တာ့ဖူက ရှန့်ယွင်ကျယ်နှင့်အတူ စကားပြောနေစဥ် ရုံးဝန်ထမ်းတစ်သိုက်က သူ့အိမ်ရှေ့ ရောက်လာ၏။ ယန်တာ့ဖူမှာ ထိုအဖြစ်ကြောင့် အနည်းငယ်အံ့ဩသွားလို့။

"ဘာကိစ္စရှိလို့ပါလဲခင်ဗျာ"

"အလောင်းတစ်လောင်းကို အတည်ပြုပေးဖို့ အမတ်မင်းက မင်းကို ဆင့်ခေါ်လိုက်တယ်"

ထိုစကားကိုကြားတော့ ယန်တာ့ဖူမျက်နှာ ဖြူဆုတ်သွား၏။

"အတည်ပြုတာ? အလောင်းကို အတည်ပြုတာ?"

"ဟုတ်ပါတယ်၊ မြစ်ကမ်းဘေးနား တွေ့လာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလောင်းပါ။ မြန်မြန်လိုက်လာပါခင်ဗျ ၊ ရုံးရောက်ရင် အဲ့အကြောင်းကို ထပ်ရှင်းပြပေးကြပါလိမ့်မယ်"

ယန်တာ့ဖူ၏ခြေနှစ်ချောင်းမှာ အားအင်ကုန်ဆုံးသွားကာ ခေါင်းတခါခါလုပ်ရင်း တစ်ယောက်တည်း တီးတိုးရေရွတ်လာ၏။

"ကျွန်တော့်မိန်းမ မဟုတ်ဘူး။ ကျွန်တော့်မိန်းမ လုံးဝ မသေနိုင်သေးပါဘူး"

"ဘာတွေ​ရေရွတ်နေတာလဲ!!!! တကယ်ဟုတ်မဟုတ် ဟိုရောက်မှ သိရမှာလေ။ လာပါ၊ အမတ်မင်းဖန်း စောင့်နေတယ်"

"ဟင့်အင်း၊ မဖြစ်နိုင်ဘူး!!!!!"

ယန်တာ့ဖူမှာ ​မြေပေါ် ထိုင်လျက် ပုံကျသွားကာ မျက်နှာကိုအုပ်ထားလျက် ရှိုက်ကြီးတငင် ငိုကြွေးတော့၏။

ရုံးဝန်ထမ်းများက သ့အား လာထူရန်ပြုရာ မုချင်းရှန်းက သူ့အား အရင်တွဲထူပေးလိုက်သည်။

"တကယ်မဟုတ်တာလည်း ဖြစ်နိုင်တာပဲလေ။ ဆိုင်ရှင်ယန် အရင်သွားကြည့်ကြည့်တာ ပိုကောင်းမယ်ထင်ပါတယ်ခင်ဗျာ"

"ကျွန်တော့်မိန်းမ မဟုတ်ဘူး!!! ကျွန်တော့်မိန်းမ ဘာလို့ သေရမှာလဲ!!!!"

ယန်တာ့ဖူမှာ ဖြေမဆည်နိုင်စွာ ပူလောင်သောကရောက်နေကာ မုချင်းရှန်း၏ လက်အား ဆွဲကိုင်ပြီး ပြောလာပြန်၏။

"ခင်ဗျားတို့ပြောတော့ အဲ့လူတွေက သူ့ကို မသတ်လောက်ပါဘူးဆို။ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး!!!!!"

Tu Fei Gong LueWhere stories live. Discover now