အပိုင်း - ၃၅ ( ဘာကြောင့် ဆန်းမန်တောင်မှာ အခြေလာစိုက်ချင်တာလဲ )

3.6K 818 143
                                    

အပိုင်း - ၃၅ ( ဘာကြောင့် ဆန်းမန်တောင်မှာ အခြေလာစိုက်ချင်တာလဲ )

{ လျို့ဝှက်ချက်တစ်ခုခုတော့ ရှိရမယ် }

သူ ဆက်အိပ်နေသည်ကိုမြင်တော့ ကျောက်ယွဲ့က စောင်အား ဖယ်ထုတ်လိုက်၏။

"မြန်မြန်ထတော့!!!!"

ဝမ်းလျိုနျဲန်မှာ တစ်ကိုယ်လုံး အေးသွားသည်ဟု ခံစားလိုက်ရသည်။ သူ တကယ် ဆက်အိပ်ချင်နေပါ၏။ ထို့ကြောင့် အိပ်ချင်မူးတူး ထထိညင်ကာ စောင်ကို ပြန်ယူလိုက်သည်။ အတော်လေးပင် ပင်ပန်းနေသည့်ဟန်ရ၏။

စောင်ဖြင့် ရစ်ထွေးရင်း ကုတင်ပေါ်ပြန်လှဲလိုက်သူကို ကြည့်ရင်း ကျောက်ယွဲ့ အနည်းငယ်ရယ်ချင်မိသည်။

"ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီး အိပ်ချင်နေတာတုန်း"

ကျောက်ယွဲ့က ဝမ်းလျိုနျဲန်၏ နှာခေါင်းအား တို့ထိကျီစယ်လာ၏။

"အင်း...."

ဝမ်းလျိုနျဲန်ကမူ စောင်ထဲသို့ ပို၍တိုးဝင်သွားလို့။

ကျောက်ယွဲ့က ကုတင်နား ဝင်ထိုင်လိုက်သည်။

"ဒါဆို မင်း ထမင်းမစားတော့ဘူးလားမေး"

ဝမ်းလျိုနျဲန် ပြန်ဖြေလာ၏။

"အင်း...."

"ထ၊ ထမင်းစားပြီးမှ ပြန်လာအိပ်"

ဝမ်းလျိုနျဲန်ကမူ စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက်။

"မထဘူး....."

ကျောက်ယွဲ့ တွေးမိသည်။

သူ့ကို ကြာကြာနေမှ တစ်ခါ နှိုးရလို့ တော်ပါသေးရဲ့။ နေ့တိုင်းနေ့တိုင်းသာ နှိုးရရင် ဆံပင်ဖြူပါ စောစောပေါက်လောက်တယ်။

ဝမ်းလျိုနျဲန်၏ ထွက်သက်ဝင်သက်များက တစ်ဖန်ပြန်၍ ပြေပြစ်သိမ်မွေ့သွား၏။

ကျောက်ယွဲ့လည်း သူ့အား စောင်ပြန်ခြုံပေးလိုက်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။

"အမတ်မင်းဝမ်းရော?"

အားလုံးမှာ ထမင်းစားခန်းတွင် စောင့်နေခဲ့ကြရာ ကျောက်ယွဲ့ တစ်ယောက်တည်းပြန်လာမည်ဟု ထင်မှတ်မထားကြ။

Tu Fei Gong LueWhere stories live. Discover now