အပိုင်း - ၁၆၃ ( မိန်းကလေးရှိုက်သံ ကြားရခြင်း )

1.4K 327 9
                                    

အပိုင်း - ၁၆၃ ( မိန်းကလေးရှိုက်သံ ကြားရခြင်း )

{ ဝမ်းမျိုးနွယ်စာပေသမားက နှစ်လိုဖွယ်ရာအကောင်းဆုံး }

ထျဲန်းယာဟိုင်ကောဂိုဏ်းမှာ တာ့ခွန်းမြို့နှင့် သိပ်မနီးလွန်းမဝေးလွန်းသော နေရာတွင် ရှိရာ အမြန်မြင်းနှင့်ဆိုလျှင် သုံးလေးရက်မျှသာ ခရီးနှင်ရ၏။ ထို့ကြောင့် ဝမ်းလျိုနျဲန်တို့အဖွဲ့မှာ နှစ်သစ်ကူးကာလအတွင်း အပန်းဖြေရန် မြို့ပြင်ထွက်သွားကြမည်ဟု အကြောင်းပြပြီး နောက်နေ့မနက် ခရီးစထွက်ရန် သဘောတူလိုက်ကြ၏။

အိပ်ရာထဲတွင် လှဲလျောင်းလျက် ၊ ဝမ်းလျိုနျဲန်မှ ဆိုသည်။

"အိမ်မှာပဲ အေးဆေးနေပြီး ငြိမ်းချမ်းတဲ့နှစ်သစ်ကူးချိန်ခါကို ဖြတ်သန်းရမယ်မှတ်နေတာ"

မထင်မှတ်ထားတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု မရပ်မနား ဖြစ်ပျက်နေတော့တာပဲ။

ကျောက်ယွဲ့မှာ တစ်ဖက်လူ၏ကျောပြင်လေးအား ဖွဖွပုတ်ပြီး နှစ်သိမ့်ရ၏။

"အိပ်တော့"

ဝမ်းလျိုနျဲန်က ကျောက်ယွဲ့ရင်ခွင်ထက် မှောက်လှဲလိုက်သည်။

"ခင်ဗျား ဂူအောင်းသိုင်းကျင့်လို့ပြီးတာနဲ့ ကျွန်တော် ခြောက်လတိတိ ခွင့်ယူပစ်မယ်ကြည့်နေ။ ဘယ်မှမသွား၊ ဘာမှမလုပ်၊ ဒီတိုင်းပဲ အိပ်ရာထဲလှဲပြီး နေ့တိုင်းနေ့တိုင်း အိပ်လိုက်စားလိုက်ပဲ နေတော့မယ်!!!"

"ဟုတ်ပါပြီကွာ"

ကျောက်ယွဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောနေမိလို့။ ဝမ်းလျိုနျဲန်က လူကို ထိတွေ့ပွတ်သပ်ရင်း မေးလာသည်။

"အဲ့ဒီဟိုင်ဟွားနျဲန်က ကြမ်းတမ်းခက်ထန်‌ေလာက်မလားမသိ‌"

"သိုင်းလောကသား တော်တော်များများက ထူးထူးဆန်းဆန်း စိတ်နေစိတ်ထားတွေတော့ ရှိကြတာပဲ။ ဒါပေမယ့် ဂိုဏ်းချုပ်ရှန်ပြောပုံအရ လူဆိုးတစ်ယောက်ဖြစ်မယ့်ပုံတော့ မပေါ်ဘူး။ ယောက်ျားတွေကိုမုန်းတယ်ဆိုတာ ငယ်ငယ်တုန်းက တစ်ယောက်ယောက်ဆီကနေ လိမ်ညာခံခဲ့ရ သစ္စာဖောက်ခံခဲ့ရလို့များလားမှ မသိတာ"

Tu Fei Gong LueWhere stories live. Discover now