အပိုင်း - ၁၁၅ ( မွှေးရနံ့ထုံသင်းသော နှုတ်ခမ်းနီ )

2.3K 536 58
                                    


အပိုင်း - ၁၁၅ ( မွှေးရနံ့ထုံသင်းသော နှုတ်ခမ်းနီ )

( ခေါင်းဆောင်ကျောက်တောင်မှ ကြိုက်တဲ့ နှုတ်ခမ်းနီ )

T/n : lip balm , blusher , eyeshadown all in one ဆိုပေမယ့် ပိုခွီနိုင်အောင် နှုတ်ခမ်းနီလို့ပဲ သုံးပါရစေနော့။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


T/n : lip balm , blusher , eyeshadown all in one ဆိုပေမယ့် ပိုခွီနိုင်အောင် နှုတ်ခမ်းနီလို့ပဲ သုံးပါရစေနော့။

****-

"အဟွတ်၊ အဟွတ်"

ထုပ်တန်းပေါ် လှမ်းကြည့်နေဟန်ရသည့် ချူယွမ်ကို မြင်တော့ ဝမ်းလျိုနျဲန်မှာ လျို့ဝှက်ချက်ကို ဖုံးဖိထားနိုင်ရန် ချောင်းနှစ်ချက်ဟန့်ပြလာ၏။

လုကျွေးကမူ ထိုက်စန်းတောင်ကြီးပမာ မတ်မတ်ထိုင်နေကာ လုံးဝတည်ရှိမနေသည့်အလား ရှေ့တည့်တညိ့ကိုသာ ကြည့်နေ၏။

ဘာဖြစ်နေမှန်း ရှင်းလင်းစွာ မသိရသေးသည့်တိုင် ဧကရာဇ်တစ်ပါးဖြစ်သည်နှင့် ကြီးမားသောအဖြစ်အပျက်များစွာ ကြုံတွေ့ထားလေရာ ချူယွမ်လည်း အကြည့်အမြန်လွှဲလိုက်ပြီး လက်ဆောင်များ ယူလာပေးပါရန် ရှစ်ဇီအား မှာကြားလိုက်၏။

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါဘုရား"

ဝမ်းလျိုနျဲန်မှ အမြန်ဦးညွှတ်လာ၏။

ညီလာခံထဲတွင်လည်း ချူယွမ်က မှူးမတ်များအား လက်ဆောင်ပေးတတ်လေ့ရှိပါသည်။ သို့သော်ငြား ယခုလိုမျိုး အိမ်တိုငိရာရောက်လာပေးခြင်းမျိုးတော့ မရှိဖူးပါချေ။
လက်ဆောင်အဖြစ် ယူလာသည့် သစ်သားသေတ္တာကို ဖွင့်ပြလိုက်သောအခါ ကြိုးအနီဖြင့် ချည်နှောင်ထားသော ဆေးဖက်ဝင်အပင်များ တွေ့လိုက်ရ၏။ ၎င်းတို့၏အရောင်မှာ နက်မှောင်ကာ တောက်ပြောင်နေကာ နှစ်ပေါင်းကြာမြင့်စွာ သေချာသိမ်းဆည်းထားမှန်း သိသာလှပေ၏။

Tu Fei Gong LueWhere stories live. Discover now