အပိုင်း - ၇၅ ( မိန်းမပျိုတစ်ယောက်အား ကယ်ဆယ်ခြင်း )

3.7K 744 101
                                    

အပိုင်း - ၇၅ ( မိန်းမပျိုတစ်ယောက်အား ကယ်ဆယ်ခြင်း )

( ဓားပြတိုက်ခံရတယ်လို့ ပြောတာပဲ )

အစိုးရအရာရှိတစ်ယောက်က သခင်လေးကျောက်အား လာရှာသည်။ မည်သည့်အကြောင်းကြောင့် လာရှာမှန်း မသိရသော်ငြား ထိုကိစ္စအား ဆွေးနွေးရပျော်သည်မို့ ရုံးရှေ့တံခါးဝတွင် လူများစုဝေးကာ လာရောက်ဆွေးနွေး​ကြ၏။ မည်သို့ပင်ဆိုစေ ၊လမ်းဘေးတွင် နေပူစာလှုံချင်သည်ဆိုလျှင်တောင် သခင်လေးကျောက်နှင့် နီးသောနေရာသို့ လာရပေမည်။ ကိုလူချောနှင့် တွေ့ချင်တွေ့နိုင်မည်မို့။

ပုံမှန်အားဖြင့် ရုံးရှေ့တွင် ဤမျှများပြားသော လူစုအား စုဝေးခွင့်မပြုတတ်ပါ။ သို့သော် ဝမ်းလျိုနျဲန်က ဤတစ်ကြိမ်တော့ ခြွင်းချက်ပေးထား၏။

"သခင်လေးကျောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းမှာ?"

ထိုအကြောင်းကို ကြားသည်နှင့် လူအများက အံ့ဩသွားကြသည်။

"ဟုတ်တယ်ဗျ"

အရိပ်တပ်သားများက ခေါင်းညိတ်ပြလိုက်ကာ လျို့ဝှက်သည့်ဟန်ဖြင့် ဆိုလာ၏။

"အတွင်းရေးလျို့ဝှက်ချက်တွေ အရမ်းများလို့ ဧကရာဇ်အရှင်တောင် သိလိုစိတ်ပြင်းပြတော်မူတယ်ဆိုပဲ"

မဟုတ်ကဟုတ်က ကြွားဝါပြောဆိုရလျှင်လည်း မည်သို့မျှ မဖြစ်ပါ။ ဤနေရာမှာ ရွှေမြို့တော်နှင့် လွန်စွာမှ ဝေးကွာလှသည်မို့။

လူအများစုမှာ တကယ် အံ့ဩနေကြပေသည်။ ဆန်းမန်မြို့မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ခေါင်ဖျားဝေးလံသောနေရာတွင် ရှိ၏။ သူတို့တစ်သက် တွေ့ဖူးမြင်ဖူးသော ရာထူးအကြီးဆုံးမှူးမတ်ဟူသည် မြို့စားမင်းသာ ဖြစ်ချေသည်။ ထို့ကြောင့် မှူးမတ်အရာရှိများသာမက ဧကရာဇ်၏ ရွှေနားတော်ထိပါ သတင်း ပေါက်ရောက်သွားသည်ဟု ဆိုလာကြသည်မို့ဘယ်သို့ မအံ့ဩဘဲ နေနိုင်ပါမည်နည်း။

တကယ်ကိုပဲ သခင်လေးကျောက်ပီသလှပါပေတယ်!!!!! သေမျိုးသေနွယ် သာမန်လူသားတွေနဲ့ အကွာကြီးကွာနေချက်ပဲ!!!!

****

သို့နှင့် နောက်တစ်နေ့ နေ့လယ်ခင်းတွင် " သခင်လေးကျောက်ရဲ့ ဖြစ်တည်မှုက ဧကရာဇ်ကတောင် လူလွှတ်ပြီး စုံစမ်းမေးမြန်းစေတော်မူတဲ့အထိပဲဟ"ဟူသည့် သတင်းမှာ တစ်မြို့လုံးအား ပျံ့နှံ့သွားခဲ့သည်။ လမ်းပေါ်ပဲ လျှောက်လျှောက်၊ စျေးပဲ ချရောင်းရောင်း ၊ ထမင်းဟင်းပဲချက်ချက် ၊ ပြည်သူများမှာ အံ့ဩဖွယ်ရာ ဤကိစ္စအား အားတက်သရော ဆွေးနွေးလာကြသည်။

Tu Fei Gong LueWhere stories live. Discover now