အပိုင်း - ၁၂၁ ( အနာခံမှ အသာစံရ )

2.1K 489 29
                                    


အပိုင်း - ၁၂၁ ( အနာခံမှ အသာစံရ )

( ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ဗျူဟာ ဘယ်လိုရှိနေမှာလဲ )

သူ တိတ်ဆိတ်နေသည်ကို မြင်သော် ယွင်သွမ့်ဟွန်မှ ထပ်မေးလိုက်၏။

"ကြည့်ရတာ စာပေသမားနဲ့ တူပါတယ်။ မင်းမှုထမ်းစာမေးပွဲ ဝင်ဖြေမလို့လား"

ဝမ်းလျိုနျဲန်လည်း ပွင့်လင်းရိုးသားစွာ ဖြေလာ၏။

"ဖြေထားပြီးသားပါခင်ဗျာ"

"အို၊ ဘယ်တုန်းက ဝင်ဖြေလိုက်တာလဲ"

"အရင်ခြောက်နှစ် ခုနစ်နှစ်လောက်တုန်းက"

ထိုစကားကိုကြားတော့ ယွင်သွမ့်ဟွန် အံ့ဩသွားကာ ရှေ့မှောက်ရှိ လုလင်ပျိုအား သေချာကြည့်လာ၏။ ထိုသူက အလွန်ဆုံး အသက်နှစ်ဆယ်စွန်းရုံသာ ရှိသေးဟန်ရကာ မည်သို့များ ယခင်ခြောက်နှစ်ခုနစ်နှစ်ကတည်းက မင်းမှုထမ်းစာမေးပွဲ ဝင်ဖြေခဲ့ပါသနည်း။

"လူကြီးမင်းက ကျွန်တော်ပြောတာ မယုံဘူးပေါ့"

ဝမ်းလျိုနျဲန် မေးလာ၏။ ယွင်သွမ့်ဟွန် ခေါင်းခါပြလိုက်သည်။

"ဖြေပြီးတော့ရော အောင်သလား"

"အောင်ပါတယ်၊ ထန့်ဟွားအဆင့်နဲ့ပါ"

"....."

"လူကြီးမင်း၊ ထပ်မေးချင်တာ ရှိသေးလား "

ဝမ်းလျိုနျဲန်၏ မျက်ဝန်းများက အပြစ်ကင်းစင်ကာ ကြည်လင်ရွှန်းလဲ့နေသည်။ ဘာမှဆက်မမေးတော့သည်ကို မြင်တော့ ဝမ်းလျိုနျဲန်လည်း ဆက်ပြောလိုက်၏။

"ကျွန်တော့်မျိုးရိုးနာမည် ဝမ်းပါ ။ နာမည်ကတော့ လျိုနျဲန်၊ ကျီရှူးလို့လည်း ခေါ်ပါတယ်။ ကျန်းနန်ဇာတိပါ"

ယွင်သွမ့်ဟွန် အဲ့ဩသွား၏။

"မင်းက အမတ်မင်းဝမ်းလား? "

"ဟုတ်ပါတယ်"

ဝမ်းလျိုနျဲန် ပြုံးပြလာသည်။ ထိုသူတို့က သူတို့၏ ဝတ္ထုတိုများ မဖတ်မှန်း သူ သေချာသိနေသည်မို့။ ယွင်သွမ့်ဟွန်မှာ အတန်ကြာမှ သတိစိတ်ပြန်ဝင်လာပေသည်။

"လူကြီးမင်း၊ လူကြီးမင်း!!!"

ဝူယင်းက အမြန်ပြေးလာရာ ဝမ်းလျိုနျဲန်နှင့် ပက်ပင်းတိုးမည် မထင်ထားသဖြင့် အမြန် ​အရှိန်သတ်လိုက်ရသည်။ လက်ထဲတွင်လည်း ပုံတိုပတ်စ စာအုပ်များ ကိုင်ထားလို့။

Tu Fei Gong LueWhere stories live. Discover now