အပိုင်း - ၁၇၄ ( တကယ်ကြီး ရေသူထီးစစ်သည် ရှိနေတဲ့ပုံပဲ )

1.4K 326 22
                                    

အပိုင်း - ၁၇၄ ( တကယ်ကြီး ရေသူထီးစစ်သည် ရှိနေတဲ့ပုံပဲ )

( ဘာလို့ တောင်ပိုင်းလူရိုင်းမျိုးနွယ်ရဲ့အက္ခရာစာသား ဖြစ်နေတာလဲ )

နောက်ရက်အနည်းငယ်ကြာသော် လျိုမိသားစုအား သေချာမြှုပ်နှံပေးခဲ့ကာ ဖင်းလန်ဂိုဏ်းဟူသော အမည်နာမသည်လည်း ရာဇဝင်သမိုင်း၌ နိဂုံးချုပ်သွားခဲ့ပြီဖြစ်၏။ ဖင်းလန်ဂိုဏ်း တည်ရှိဖူးသောနေရာကို ရောက်တိုင်း လူသူအများမှာ လောကကြီး၏ရက်စက်မှုများအကြောင်း မအောက်မေ့မိဘဲ မနေခဲ့ပါချေ။ ကြွယ်ဝလှသော ဂိုဏ်းတစ်ခုမှာ မည်သည့်ရှေ့ပြေးသတိပေးချက်မှ မရလိုက်ပါဘဲ ဘေးအန္တရာယ်ကြီးစွာ ရုတ်ချည်းကြုံကြိုက်ခဲ့ရကာ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အို၊ ဘာဆိုဘာမှမထိန်ချန်ဘဲ အသက်နှုတ်ယူရက်သည့်အထိ  ရက်စက်ယုတ်မာလှ‌ေသာ လုပ်ရပ်ပါပေတည်း။

ထောင်ဟွားလည်း လျိုမျိုးရိုး၏ သင်္ချိုင်းဂူ၌ ငွေစက္ကူအချို့ မီးရှို့ပူဇော်ပေးခဲ့သည်။ မီးလောင်ကျွမ်းထားသော ရုပ်အလောင်းများကို မြင်လိုက်ရကတည်းက
သူမ၏ရင်ထဲရှိ အမုန်းတရားသည်လည်း ကြေပျက်လွင့်စင်သွားခဲ့ပြီဖြစ်၏။ အတိတ်ဖြစ်ရပ်များမှာ ကြာမြင့်လေခဲ့ပြီဖြစ်သော အိပ်မက်မြူခိုးများသာ ဖြစ်တော့သည့်အလား။

ရှောင်လင်ကျီအ‌ေကြာင်းကိုမူ ဘာသတင်းမှမရပါဘဲ သေသလားရှင်သလား မသိရ‌ေသးပါချေ။ ငါးဖြူမျှော်စင်ကမူ အပြီးတိုင်ပြိုပျက်သွားပြီဖြစ်ကာ မြေအောက်ကန်မှာလည်း ပျက်စီးသွားပြီဖြစ်၏။

ကံကောင်းသောအရာတစ်ခုဟူ၍ လျိုဝမ်ကျီးက ထိုနေ့ညတွင် ‌ဘုန်းကြီးကျောင်း၌ အ‌ေမွှးတိုင်သွားထွန်းချင်သည်ဟုဆိုကာ အပြင်ထွက်သွားသဖြင့် အသက်ဘေးမှ လွတ်မြောက်နေခြင်းပါပေ။ သို့သော် ဆိုးရွားရက်စက်လှသော အဖြစ်အပျက်ကြီးကြောင့် ပူပန်သောကမှုများကြား လောင်မြိုက်ကာ အဆုံးတွင် ထုံပေဆွံအသွားလေ၏။ ထို့ကြောင့် ယဲ့ကျင်မှာ သူမအား ချုန်းဟွားတောင်သို့ ပို့‌ေဆာင်ထားစေခဲ့သည်။ သူမ၏စိတ်ဒဏ်ရာကိုပါ သူ့တပည့်များ ကုစားပေးနိုင်ရန်ဖြစ်သလို နောက်ထပ်တစ်ဖန် အသတ်မခံရစေရန် ဖွက်ထားပေးခြင်းလည်းဖြစ်၏။

Tu Fei Gong LueWhere stories live. Discover now