အပိုင်း - ၁၃၆ ( ဘာလို့ ဒီကညီနောင်လေးကို ချည်ပြီးတုပ်ပြီး ခေါိလာတာလဲ )

2K 431 43
                                    


အပိုင်း - ၁၃၆ ( ဘာလို့ ဒီကညီနောင်လေးကို ချည်ပြီးတုပ်ပြီး ခေါိလာတာလဲ )

(ဒါမျိုးလုပ်ရပ်တွေကို ဘာမှမဟုတ်သလို လက်ရဲဇက်ရဲလုပ်တာမျိုး ရပ်ပါဟ )

မည်သည့်အချိန်တွင် အိပ်မောကျသွားမှန်း မသိလိုက်ပါ၊ ဝမ်းလျိုနျဲန် နိုးလာသောအခါ တောက်ပလှသောနေရောင်ခြည်များက ပြတင်းတံခါးမှ ထိုးဖောက်ဝင်ရောက်လာပြီးသားဖြစ်‌ေန၏။ မျက်ဝန်းအစုံသည်လည်း ဖွင့်ရခက်လှကာ ခေါင်းထဲတွင်လည်း ရိပ်တိတ်တိတ်မူးနောက်နေသည်။ ထို့နောက် ထထိုင်ဖို့ရန် အင်အားစုလိုက်သော ခါးအောက်ပိုင်းမှာ ဘာခွန်အားမှမကျန်တော့မှန်း ဝမ်းလျိုနျဲန် သိလိုက်ရသည်။

ထို့ကြောင့် စောင်ထဲတွင်သာ ပြန်လှဲလိုက်ရကာ မနေ့ကကိစ္စအား သေချာ‌ပြန်အောက်မေ့နေသည်။

မိမိတို့နှစ်ယောက် လက်တွဲပြီးသည့်အချိန်မှစပြီး မနေ့ညအထိ အထိန်းအကွပ်မဲ့ကာ စိတ်တိုင်းကျကြမ်းရမ်းရဲသည့် ထိုသူ့ပုံစံကို သူ တစ်ကြိမ်မှ မမြင်ဖူးပါ။ ပုံမှန်‌ဆိုလျှင် ခံစားချက်အဟုန်ထဲ အကုန်နစ်မွန်းခွင့်မပြုဘဲ ဆန္ဒများကို ချုပ်တီးကာ သူ့အား ယုယုယယသာ ဂရုစိုက်တတ်သည်။

သူလည်း သိနေပါ၏။ ထိုသူကသာ ထိန်းချုပ်လိုရိုးမှန်လျှင်၊ မည်မျှခက်ခဲပါစေ မရရအောင် စိတ်ဆန္ဒကို ထိန်းချုပ်မည်သာ။ သို့သော် မနေ့ညကမူ လွန်စွာမှ ခက်ထန်ကြမ်းတမ်းလှ‌ေပသည်။

ဝမ်းလျိုနျဲန်က သူ့နဖူးပြင်ပေါ်သူ အဖျားစမ်းကြည့်လိုက်သည်။ ထို့နောက် လက်လျေှာ့လိုက်ကာ စောင်ထဲ‌တွင်သာ ခွေနေလိုက်၏။

ကောင်းလိုက်တာ.....

ခဏကြာတော့ ခြံဝန်းထဲတွင် ခြေသံများ ကြားလိုက်ရသည်။

ကျောက်ယွဲ့က အခန်းတံခါးအား ဖွင့်လာလိုက်ရာ နံရံဘက်မျက်နှာမူထားသူလေးအား တွေ့လိုက်၏။ ထို့ကြောင့် အိပ်ပျော်နေဆဲဟုသာ မှတ်ယူလိုက်ကာ လက်ထဲရှိ ဟင်းချိုပန်းကန်အား စားပွဲပေါ် တင်ထားလိုက်သည် ။ ကြွေပန်းကန်နှင့်စားပွဲ ထိသွားသည့် အသံကိုကြားလိုက်ရသော ဝမ်းလျိုနျဲန်မှာ တစ်ယောက်တည်းတွေးမိသွား‌ေလသည်။

Tu Fei Gong LueWhere stories live. Discover now