အပိုင်း - ၈၇ ( ကျွန်တော် နန်းတွင်းညီလာခံနဲ့ ယှဥ္ပြိုင်ချင်တယ်)

3.2K 677 40
                                    


အပိုင်း - ၈၇ ( ကျွန်တော် နန်းတွင်းညီလာခံနဲ့ ယှဥ္ပြိုင်ချင်တယ်)

( စာဂျပိုးလေးက အရမ်းဗိုလ်ကျတယ် )

အမှုစစ်ပြီးသည်နှင့် စာကြည့်ခန်းသို့ ပြန်မည်ဟု ရည်ရွယ်ထားသော်ငြား ထိုနှစ်ယောက်ကြား ယခုလိုပတ်သက်မှုမျိုးရှိမည်ဟု ဝမ်းလျိုနျဲန် မထင်ထားခဲ့။ ကျောက်ယွဲ့ကမူ ကျိုးဒင်ထျဲန်းနှင့်အတူ လျိုမင်ဖန်းအကြောင်း ပြောနေရာ မသိလိုက်ခင်မှာပင် မိုးချုပ်သွားပြီဖြစ်၏။

ညပိုင်းအနားယူနေချိန်မှာ​ေတာ့ ဝမ်းလျိုနျဲန်က တင်ပလ္လင်ခွေထိုင်ကာ တွေဝေစွာ စိုက်ကြည့်လာသည်။

ကျောက်ယွဲ့မှ မေးလာ၏။

"ဘာတွေးနေတာလဲ"

ဝမ်းလျိုနျဲန်က သူ့အား ကြည့်လာသည်။

"ကျွန်တော့်မွေးစားအဖေနဲ့ ခင်ဗျားနဲ့ ဒီလောက်ထိ စကားကောင်းကြမယ်လို့ မထင်ထားဘူး "

ကျောက်ယွဲ့က လူကို ဖက်တွယ်ထားလိုက်သည်။

"မင်းကရော ဒီကြားထဲ ဘယ်သွားနေတာလဲ။ ပြန်လာဖို့ တစ်နာရီ (ရှီချန်တစ်ဝက်)တောင် ကြာသွားတယ်"

"သခင်ကြီးရှန့်ဆီ သွားခဲ့တာ။ ကျားခေါင်းဂိုဏ်းကို ညခင်းအလစ်ဝင်တိုက်ဖို့ ဆွေးနွေးလာတယ်"

ကျောက်ယွဲ့ - "...."

"ဒီနေ့ခင်းတုန်းက ကျွန်တော် တိုက်ပွဲ သတင်းရထားသေးတယ်၊ ဒီနောက်ဆုံးတိုက်ပွဲကို ကျွန်တော် နောက်ငါးရက်အတွင်း လက်စသတ်ချင်တာ။ ဒီလိုအချိန်မျိုးမှာ ကျားခေါင်းဂိုဏ်းရဲ့ အဓိကအင်အားစု ကျန်နေဦးမှာဆိုတော့ အလစ်ဝင်တိုက်တာ ပိုကောင်းမယ်။ ပြင်ဆင်စရာရှိတာ အဆင်သင့်ပြင်ထားဖို့ ၊ မနက်ဖြန်ကျ ရှောင်ဝူနဲ့ ဒုခေါင်းဆောင်လုဆီ အသိပေးဖု့ိ လူလွှတ်လိုက်မယ်။ အတွင်းအပြင်နှစ်ဘက်လုံး လက်တွဲညီရင် အမှားအယွင်းမရှိနိုင်ဘူး"

"ဒါက ကလေးကစားစရာ မဟုတ်ဘူးလေ"

"သိပ်မရှုပ်ပါဘူး၊ ပြီးတော့ ဒါက အကောင်းဆုံးအခွင့်အရေးပဲ"

လက်ဦးမှုရယူတဲ့ ထိုးနှက်ချက်ကပဲ လျို့ဝှက်ချက်ကို ထာဝရလျို့ဝှက်ချက် ဆက်ဖြစ်စေနိုင်မှာ။

Tu Fei Gong LueWhere stories live. Discover now