အပိုင်း -၁၅၁ (ပျက်စီးယိုယွင်းနေသော တာ့ခွန်းမြို့ )

1.8K 365 33
                                    


အပိုင်း -၁၅၁ (ပျက်စီးယိုယွင်းနေသော တာ့ခွန်းမြို့ )

( ဝေဟင်ပြင်က မြင့်မားကာ ရေမြေ့သခင်သည်လည်း အလှမ်းဝေးလှ၏ )

နှစ်နှစ်တာကာလ ခွဲခွာရတော့မည်ဟု ထင်မှတ်ထားသည့်ကြား ယခုလိုမျိုး အရှေ့ပင်လယ်တုန်းဟိုင်ထိ အတူတကွ သွားရောက်ရမည်ဟု လုံးဝးိတ်မကူးဖူးခဲ့ပါ။ အမတ်မင်းဝမ်းဆိုလျှင် လမ်းလျှောက်နေရင်း လေပေါ်ပျံသွားတော့မတတ် ပျော်ရွှင်အူမြူးနေခဲ့၏။

"ကောင်းကောင်း‌ထိုင်ချေ"

ကျောက်ယွဲ့က လူကို ထိုင်ခုံပေါ် ထိုင်စေလိုက်သည်။ ဝမ်းလျိုနျဲန်ကမူ သူ့အား ပြုံးပြုံးလေးကြည့်လာ၏။

"ငတုံးလေး"

ကျောက်ယွဲ့က တစ်ဖက်လူ၏ နှာခေါင်းကို ချစ်စနိုးညှစ်လိုက်သည် ။

"ရွှေမြို့တော်မှာ ဆက်နေတာ ကောင်းနေပြီးသားကို၊ ကိုယ်နဲ့ တုန်းဟိုင်ထိ လိုက်သွားလည်း ကျွန်းပေါ်ထိ လိုက်မှမသွားနိုင်ဘဲ ။ ဂူအောင်းလေ့ကျင့်တာ လပေါင်းများစွာကြာဥိးမှာကို မင်းနဲ့နေ့တိုင်း တွေ့နိုင်မှာလည်း မဟုတ်ဘူး"

"မတူဘူးလေ။ အနည်းဆုံးတော့ ကျွန်တော်တို့ နေတဲ့နေရာချင်း ပိုနီးသွားမှာ။ အလုပ်မများရင် ခင်ဗျားဆီ အလည်သွားလို့တောင်ရတာကို"

ဘာပဲပြောပြော၊ ဟိုမှာက‌ ရွှေမြို့တော်ထက်တော့ အေးချမ်းနေမှာမလား။ ပြီးတော့ မြို့အသစ်တွေကို ပြောင်းရွှေ့‌သွားရတာကလည်း အတွေ့အကြုံအသစ်တွေ ရစေတယ်လေ။ ဟိုမှာက ရှီးနန်ဝမ်သွမ့်ပိုင်ယွဲ့ပါ ရှိနေတော့ သူနဲ့ သွားတွေ့ရမှာမို့ တန်ပါတယ်။

"ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို သေချာစောင့်ရှောက်နော်။ နားလည်လား။ မင်းဘေးနားမှာ ကိုယ် မရှိတော့ တခြားလူတွေဆီကနေ အနိုင်ကျင့်မခံလိုက်နဲ့"

ထိုအခါ ဝမ်းလျိုနျဲန်က စိတ်ရင်းမှ ဆိုလာ၏။

"ဟင့်အင်း၊ ကျွန်တော်ကပဲ တခြားလူတွေကို အနိုင်ကျင့်တာပါ"

ကျောက်ယွဲ့မှာ ရယ်ရမလား ငိုရမလားပင် မသိတော့ ။

ဝမ်းလ‌ျိုနျဲန်က တစ်ဖက်လူ၏ လည်တိုင်ကို ဖက်တွယ်လာကာ ဆက်ပြောလာ၏။

Tu Fei Gong LueWhere stories live. Discover now