အပိုင်း - ၁၁၁ ( အမတ်မင်းဝမ်း အံ့အားသင့်သွားခြင်း )

2.8K 512 63
                                    

အပိုင်း - ၁၁၁ ( အမတ်မင်းဝမ်း အံ့အားသင့်သွားခြင်း )

မြောင်ကျန်းရှိ ယင်းယာတောင်တန်းတွင် သိုင်းလေ့ကျင့်ခဲ့စဥ် ကျောက်ယွဲ့မှာ ရင်ဘတ်မှ တင်းကျပ်ပိတ်ဆို့မှုတစ်ခု မကြာခဏ ခံစားတတ်ရကာ သိုင်းပညာအဆင့်တက်တိုင်း အတွင်းစွမ်းအားများ ပို၍သိသာထင်ရှားစွာ တွန်းကန်လာ၏။ ရံဖန်ရံခါ သတိလစ်သွားသည့်အထိ ဖြစ်ဖူးကာ ကံကောင်းစွာဖြင့် ဆရာဖြစ်သူက သူ့ဘေးနား ရှိပေးနေသည်မို့ ပြဿနာကြီးကြီးမားမား မရှိခဲ့ပါချေ။

လုမင်ဖန်း ပြောဖူး၏။

"သိုင်းလေ့ကျင့်မှုမှာ အရေးအကြီးဆုံးက ပါရမီဓာတ်ခံ၊ ဒုတိယက အားထုတ်မှုဝီရိယ။ ဒီနှစ်ခုက တစ်ခုခုပြတ်လပ်သွားလို့ကို မရဘူး။ ဒါပေမယ့် ဇွတ်အတင်း ခေါင်းမာလွန်းရင်ကျ မိစ္ဆာကျော့ကွင်းထဲ ပိတ်မိသွားနိုင်တယ်"

သွယ်ဝိုက်ညွှန်းဆိုခြင်းများ ပါသော်ငြား ထိုစကား၏ ဆိုလိုရင်းကို ကျောက်ယွဲ့ နားလည်သည်။ ထိုအချိန်မှစပြီး သိုင်းပညာလေ့ကျင့်တိုင်း သူ မကျော်လွှားနိုင်သော အဟန့်အတားရှိပါက မိမိ၏ ပင်ကိုအစွမ်းအစ ညံ့ဖျင်းပြတ်လပ်သည်ဟုသာ ယူဆကာ ရှည်ရှည်ဝေးဝေး ဆက်မတွေးတော့ပါချေ။ ထို့နောက် ဝီရိယပိုင်းအား ပို၍ပြင်းပြင်းထန်ထန် အားထည့်ဖြစ်ကာ ထိုအားနည်းချက်ကို ဖြည့်ဆည်းရန်သာ လုပ်ဆောင်ခဲ့သည်။ သို့သော် ကျိုးဒင်ထျဲန်းနှင့် တွေ့ပြီးသည့်နောက် ဥဒေါင်းမုခ်ဝဂိုဏ်း၏ အတွင်းကျင့်စဥ်ကို ကျင့်ကြံကြည့်အပြီး သူ၏ သိုင်းပညာအရည်အချင်းမှာ နဂိုကထက် များစွာတိုးတက်လာသည်။ သို့သော်လည်း သူ၏ ရင်ဘတ်အောင့်ဝေဒနာပါ တဖြည်းဖြည်းပြင်းထန်ဆိုးရွားလာ၏။ ထို့ကြောင့် ချီးကြွယ်ပြည်မှ ကျိုးဒင်ထျဲန်း ပြန်လာပြီးသည်ကို စောင့်မည်ဟု ရည်ရွယ်ထားရင်းနှင့်မှ ယခုလိုမျိုး ချင်ရှောက်ယွီ၏ ရိုက်ချက်ကို ခံယူလိုက်ရမည် ထင်မထား။ သို့သော် သွေးတစ်ပွက် အန်ပစ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နေသာထိုင်သာ ပိုဖြစ်လာကာ အကြောင်းဇစ်မြစ်တစ်ခုအား သူ ခပ်ရေးရေး နားလည်သဘောပေါက်လာပြီဖြစ်၏။

Tu Fei Gong LueWhere stories live. Discover now