အပိုင်း - ၁၆၂ ( ထျဲန်းယာဟိုင်ကောဂိုဏ်း )

1.5K 323 26
                                    

အပိုင်း - ၁၆၂ ( ထျဲန်းယာဟိုင်ကောဂိုဏ်း )

( အမတ်မင်းဝမ်းရဲ့ ပုခုံးပေါ် ကြီးလေးတဲ့တာဝန် ရွက်ဆောင်ထားတယ် )

ထင်မှတ်မထားစွာပင်၊ အောင်သွယ်ခြင်းကိစ္စ အဆင်ပြေချောမွေ့လှသဖြင့် အောင်သွယ်တော်အရီးလင်မှာ ပျော်ရွှင်သွားသည်။

"ကောင်းလိုက်တာ၊ စားသောက်ဝိုင်းကောင်းကောင်းလေးတစ်ခု ဖြစ်မှာဆိုတာ သေချာတယ်။ ဒါဆို ကျွန်မ ဂိုဏ်းချုပ်လျိုဆီ ပြန်သွားမေးလိုက်ပါ့မယ်။ နေ့ရက်အတိအကျသိရတာနဲ့ အသင်တို့ကို လာရောက်ဖိတ်ကြားပါ့မယ်ရှင်"

"ဟုတ်ကဲ့ပါခင်ဗျာ"

အရိပ်တပ်သားများက ဝူယင်း၏ပါးစပ်အား အုပ်ထားလိုက်ကာ တချို့က အောင်သွယ်တော်အရီးလင်အား အိမ်တံခါးဝထိ လိုက်ပို့လိုက်သည် ။

.
.
.

"ဖင်းလန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လျိုဆိုတာကို အသင် သိပါသလား"

ရှန့်ယွင်ကျယ်မှ မေးလာသည်။ ရှန်ချန်းဖုန်းက ခေါင်းညိတ်လိုက်၏။

"ဖင်းလန်ဂိုဏ်းက သိပ်တော့ အင်အားမကြီးဘူး။၊ ဂိုဏ်းချူပ်နာမည်က လျိုရှန့်နန် ၊ သိုင်းလောကအစည်းအဝေးတွေမှာ တစ်ခါနှစ်ခါ ‌တွေ့ဖူးပါတယ်"

"ကျွန်တော်တော့ မမှတ်မိဘူး။ ဒါပေမယ့် သိုင်းလောကရဲ့ခေါင်းဆောင် အသင်တစ်ယောက်လုံး ဒီမှာရောက်နေတာကို သူ ဘာလို့ လာမနှုတ်ဆက်တာလဲ။ နည်းနည်းတော့ ကျိုးကြောင်းမဆီလျော်သလိုပဲ"

"ဖင်းလန်ဂိုဏ်းက ရှောင်ကျားဖျင်‌ေဒသမှာ ရှိတာမို့ တာ့ခွန်းမြို့ကနေဆို တော်တော်ဝေးပါတယ်။ ပြီးတော့ လျိုရှန့်နန်က ဂိုဏ်းမှာ သိပ်မနေဘူးကြားတယ်။ သမီးတစ်ယောက်ရှိမှန်းတော့ ကြားဖူးပါတယ်။ ကိစ္စတစ်ခုခုမရှိရင်တော့ သူလည်း တကူးတက မလာလောက်ပါဘူး"

"တစ်ဦးတည်းသောသမီးပေါ့?"

အရိပ်တပ်သားများပြန်အလာ ထိုစကားကို ကြားသွားလေရာ အားမကျမိဘဲ မနေနိုင်တော့ပါချေ။ ဝူယင်းလေးကသာ ထိုမိန်းမပျိုလေးနှင့် လက်ထပ်လိုက်ပါလျှင် နောင်တစ်ချိန်တွင် ဂိုဏ်းချုပ်တစ်‌ေယာက်ပါ ဖြစ်လာလိမ့်မည်။ ဤသို့သောကံကောင်းမှုမျိုးမှာ မကြာခဏပေါ်ပေါက်တတ်လာသည့်အရာ မဟုတ်ပါချေ။ ထို့ကြောင့် အမြန်ပင် ဖက်စပ်ပေးရချေမည်။

Tu Fei Gong LueWhere stories live. Discover now