အပိုင်း - ၉၂ ( လက်ထပ်ကြရအောင် )

3.6K 706 113
                                    

အပိုင်း - ၉၂ ( လက်ထပ်ကြရအောင် )

( ချစ်သူစုံတွဲ )

ကျောက်ယွဲ့က ကုတင်ပေါ်မှဆင်းကာ မီးပုံအသစ်ထပ်မွှေးလိုက်ပြီး ဝမ်းလျိုနျဲန်၏ ခန္ဓာကိုယ်အား သန့်ရှင်းပေးရန် ရေနွေးကျိုလိုက်သည်။

ဝမ်းလျိုနျဲန်ကမူ ထူထဲသောစောင်ဖြင့် ရစ်ပတ်ခြုံလွှမ်းထားကာ မျက်နှာလေးကိုသာ ဖော်ပြလာ၏။

"လှုပ်ရရှားရခက်နေလား"

ကျောက်ယွဲ့မေးလာသောအခါ ဝမ်းလျိုနျဲန် ခေါင်းခါပြလိုက်၏။ ထို့နောက် ဝမ်းလျိုနျဲန်က တစ်ယောက်တည်းထထိုင်ကြည့်လိုက်ရာ မျက်နှာလေးမှာ အလိုလိုမဲ့သွားလေသည်။

"မလှုပ်လိုက်နဲ့"

ကျောက်ယွဲ့က သူ့အား အိပ်ရာပေါ်တွင်သာ ပြန်လှဲစေလိုက်သည်။ ဝမ်းလျိုနျဲန်၏ နားရွက်များမှာ နီသထက်နီရဲလာကာ မျက်လုံးများကိုသာ မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

ခဏကြာသော် ကျောက်ယွဲ့က စောင်ကိုလှပ်ပြီး သူ့နား ဝင်ရောက်လဲှလျောင်းလာ၏။ ဝမ်းလျိုနျဲန်၏ မျက်တောင်စများ လှုပ်ခတ်သွားခဲ့ပေသည်။

ထို့နောက် ကျောက်ယွဲ့က ထိုလူသားလေးအား ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်ကာ ခါးပေါ်သို့ လက်တင်ထားလိုက်၏။ ဝမ်းလျိုနျဲန်မှာ ထပ်ပြီး ကျုံ့ကျုံ့လေးဖြစ်သွားရာ ပို၍တင်းကျပ်စွာ အဖက်ခံထားရပြန်သည်။

ထိုရင်ခွင်မှာ နွေးထွေးကာ တောင့်တင်းခိုင်မာလှပေသည်။ ဤကမ္ဘာလောကကြီးထဲတွင် ဤနေရာသာ အလုံခြုံဆုံးသော နားခိုရာတစ်ခု ဖြစ်လေသည့်အလား။

ဂူအပြင်ဘက်တွင်မူ မိုးနှင့်လေများ သည်းထန်နေဆဲဖြစ်သည်။ မိုးဖွဲကျသံကြားရသော်ငြား အအေးဓာတ်အား သူ မခံစားရတော့ပါချေ။

ထို့နောက် ရင်းနှီးကျွမ်းဝင်လှစွာသော အနမ်းတစ်ခုက သူ၏နှုတ်ခမ်းသားများပေါ် ကျရောက်လာသော် ဝမ်းလျိုနျဲန်မှာ အိပ်မက်ကမ္ဘာထဲတွင် မျောနေရာမှ ပြုံးလိုက်ကာ ပို၍နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

လက်ကောက်ဝတ်ထက်တွင်လည်း ဖူးစာကြိုးနီဖြင့် ရစ်ပတ်ထားရာ ဖြည်၍လည်း ရမည်မဟုတ်သလို လွှင့်ပယ်စွန့်ပစ်ချင်၍လည်း မရနိုင်တော့ပါချေ။

Tu Fei Gong LueWhere stories live. Discover now