အပိုင်း - ၃

7.9K 1.4K 139
                                    

[ ငါကြည့်ရသလောက်တော့ မင်းအသားအရည်တွေ သိပ်မကောင်းဘူး]

[ငရုတ်သီးများများစားပေး၊ ရေလေးလည်း လျှော့သောက်]

ဝင်းပနွေးထွေးသော နေခြည်တန်းများ ခြုံလွှမ်းနေသည့် နေ့သစ်တစ်ခုဝယ် မုချင်းရှန်းက နေ့စဥ်လေ့ကျင့်နေကျ ကိုယ်ခံပညာအကွက်တစ်ချို့ကို လေ့ကျင့်နေသည်။ ထိုစဥ် ရုံးတော်ဝင်းတံခါး ဖွင့်သွားကာ ဝမ်းလျိုနျဲန်နှင့်အတူ အရပ်ခပ်မြင့်မြင့် လူတစ်ယောက်လိုက်ပါရောက်ရှိလာသည်။

ဆန်းမန်မြို့လေးမှာ အတော်လေးနွမ်းပါးဆင်းရဲသည်မို့ ဓနအင်အားတောင့်တင်းသူဟူ၍ အနည်းအကျဥ္းသာရှိသည်။ သို့ပေမင့် အချမ်းသာဆုံးသော ငွေအိတ်ကြီး(သူဌေးကြီး)သည်ပင် ယခုရောက်လာသော ထိုသူလောက် ဂုဏ်သိန်ထည်ဝါခြင်းရှိမည်မဟုတ်။ ထို့ကြောင့် မုချင်းရှန်းက အရဲကိုးပြီး ဝမ်းလျိုနျဲန်အား မေးကြည့်လိုက်၏။

"ဒီပုဂ္ဂိုလ်က...."

"ငါ့နာမည် ရှန့်ယွင်ကျယ်ပါ"

ထိုယောက်ျားပျိုက ပြုံးပြလိုက်ရင်း ဆက်လက်မိတ်ဆက်လာသည်။

"စောနက မင်း ကိုယ်ခံပညာလေ့ကျင့်နေတာတွေ့လိုက်မိတယ်။ ဆိုတော့ကာ ....မင်းက ဒီရုံးတော်ရဲ့ အစောင့်တပ်သားလား"

ထိုစကားကိုကြားလိုက်သည်နှင့် သူတို့ကို ဝိုင်းကြည့်နေကြသော အခြားအစေခံများမှာ ချက်ချင်းတိတ်ဆိတ်သွားကြသည်။

ငါတို့ရဲ့အတိုင်ပင်ခံ ကိုယ်ရေးအရာရှိလေးက သူ့ကို အေးဆေးကန်ထုတ်ပစ်နိုင်တဲ့ မုန်တိုင်းရုပ်ကြီးတောင် ပေါက်နေတာကို။ ဟိုတစ်ယောက်က သူ့ကို အစောင့်လို့ ထင်သတဲ့။

ခင်ဗျားရဲ့မျက်လုံးတွေတော့ တစ်ခုခုမှားနေပြီ။

"ချင်းရှန်းက ပန်ကွမ်းရဲ့အတိုင်ပင်ခံ ကိုယ်ရေးအရာရှိပါ"

ဝမ်းလျိုနျဲန်က သူတို့အချင်းချင်း မိတ်ဆက်ပေးလိုက်ကာ စာကြည့်ခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

သို့သော် မည်သူကမှ သတိမထားလိုက်သော အချိန်လေးမှာ မုချင်းရှန်းက စားပွဲပေါ်ရှိစာအုပ်တစ်အုပ်ကို သူ့ပေါင်ပေါ် အမြန်ယူတင်လိုက်သည်။ ဝမ်းလျိုနျဲန်ပင် မြင်လိုက်မည့်ပုံပေါ်။ သို့ပေမင့် ရှန့်ယွင်ကျယ်၏ သိုင်းပညာအဆင့်နှင့် ဖျတ်လတ်နိုးကြားသောအကြည့်များအောက် ပုန်းခိုရှောင်ရှားရန် မဖြစ်နိုင်ခဲ့။

Tu Fei Gong LueWhere stories live. Discover now