အပိုင်း - ၁၉၀ ( ပုလွေ အစမ်းမှုတ်ကြည့်ကြစို့ )

1.3K 307 15
                                    

အပိုင်း - ၁၉၀ ( ပုလွေ အစမ်းမှုတ်ကြည့်ကြစို့ )

( ခေါင်းဆောင်ကျောက်က အင်အားသိပ်ကြီးတာပဲ )

ဝမ်းလျိုနျဲန်က စားပွဲပေါ် မြေပုံဖြန့်ပြလာသည်။

"ကျွန်တော်မျိုး ခန့်မှန်းတာမမှားဘူးဆိုရင် နောက်သုံးရက်ကျ ဒီနေရာတစ်ဝိုက်မှာ ထူထဲသိပ်သည်းတဲ့ မြူခိုးထု ဖြစ်ပေါ်လာပါ့မယ်။ လက်ရှိရေစီးကြောင်းအတိုင်းသာဆိုရင် တာ့ချူစစ်တပ်ဟာ ပိုင်ဝုကျွန်းကို အလွယ်တကူချဉ်းကပ်နိုင်မှာပါ "

"အလစ်ချောင်းတိုက်ခိုက်မှာလား"

ယဲ့ကျင်မှ မေးလာ၏။ ဝမ်းလျိုနျဲန်မှ ဆို၏။

"ဟင့်အင်း၊ မရဘူး။ ဒီကျွန်းပေါ်က လက်ရှိအခြေအနေကို သဲသဲကွဲကွဲ မသိရသေးတာမို့ စစ်တပ်အလုံးအရင်းလိုက်ကြီး ချီတက်သွားတာ စွန့်စားလွန်းရာကျတယ်။ ဒါပေမယ့် စစ်တပ်သုံးအမြန်လှေတွေက အင်မတန်မှ ပေါ့ပါးလျင်မြန်ပေမယ့် လူဆယ်ယောက်ကျော် တင်သွားနိုင်တယ်။ ဒါကြောင့် ဒီအခြေအနေကိုပဲ အကျိုးရှိအောင် သုံးကြစို့။ မြူနှင်းအုံ့ဆိုင်းလာတာနဲ့ ဘာဖြစ်နေမှန်းသိရအောင် ကျွန်းပေါ်ကို ကျွန်တော်တို့ သွားထောက်လှမ်းပါမယ်  "

မုချင်းရှန်း အံ့ဩသွား၏။

"အမတ်မင်းကိုယ်တိုင် ပိုင်ဝုကျွန်းပေါ် သွား‌ေထာက်လှမ်းမှာလား?"

ဝမ်းလျိုနျဲန် ခေါင်းညိတ်လိုက်၏။

ချူယွမ်ကမူ မျက်မှောင်ကြုတ်သွားသည်။

"ဒီဗျူဟာက အရမ်းအန္တရာယ်များတယ်၊ ကိုယ်တော် သဘောမတူပေးနိုင်ဘူး"

ယဲ့ကျင်မှ မေးလာ၏။

"ခေါင်းဆောင်ကျောက်ရော သဘောတူမှာမို့လို့လား"

ကျောက်ယွဲ့မှ ဆို၏။

"သူ့ကို ကျွန်‌ေတာ် ကာကွယ်ပေးပါ့မယ်"

ယဲ့ကျင်သည်လည်း ကန့်ကွက်လာ၏။

"အန္တရာယ်ကြံုရင်ကော?"

"ကျွန်တော်ရှိနေမှတော့ သူ့ကို ဘေးအန္တရာယ်မကျ‌ေရာက်စေရဘူးလို့ အာမခံပါတယ်။ သူ့ကို ဘေးကင်းစွာ ပြန်ခေါ်လာနိုင်တယ်လို့ အပြည့်အဝ ယုံကြည်မနေရင် ကျွန်တော်လည်း သူ့အကြံကို သဘောတူမှာမဟုတ်ပါဘူးခင်ဗျာ"

Tu Fei Gong LueWhere stories live. Discover now