Part (1)

13.4K 201 1
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (1)

ကျေးငှက်သံက သာပါရဲ့.. ။

ရာသီဥတု လေးကလည်း သာယာပါရဲ့.. ။

လေလေးကလည်း တသိမ့်သိမ့်နဲ့ ဝေ့ဝဲဆော့ကစားနေပါရဲ့.. ။

ဒီလိုနေ့လေးမှာ ချစ်ရတဲ့ မ ဆီက ချစ်စကားသံ တီတီတာတာလေး နားထောင်ပြီး မ အနားမှာကပ်နေချင်တာ.. ။

ချစ်ရသူလက်ကို ဆုပ်ကိုင်ပြီးလောကကြီးကို ပတ်ကြွားပစ်လိုက်ချင်တာ.. ။

ခုတော့ ကိုယ့်စိတ်ကူးတွေ ပြိုပျက်အောင် မ မို့ လုပ်ရက်တယ်..

ဖုန်းဆက်ချိန်းလို့ ကိုယ့်မှာအပျော်တွေ လှိုင်လှိုင်တိုးလို့.. ဒီရက်ပိုင်းတွေမှာ နှစ်ယောက်သားကတောက်ကဆ ဖြစ်နေရတာနဲ့ ဒီနေ့တော့အကုန်အကြေပဲလို့ တွေးမှတ်ခဲ့တာ ။

ခုတော့ တက်တက်ဆင်ကိုလွဲလို့.. ။

ကိုယ်ရောက်ရောက်ချင်း ခရီးရောက်မဆိုက် ပြောတဲ့စကားတစ်ခွန်းက စူးရှထက်လိုက်တဲ့အသွားတစ်ခုလို..

" ဘယ်လို မ .. ဘာပြောလိုက်တယ် "

" လမ်းခွဲကြရအောင်လို့ ပြောတာ.. "

" ဟာဗျာ.. အဓိပ္ပါယ်မရှိတာ ဘာလို့လမ်းခွဲရမှာလဲ "

မျက်နှာကြီး ရှုံ့မဲ့ပြီး မ ဘေးမှာ ကိုယ်ကိုပစ်ထိုင်ချလိုက်သည် ။

ကျွန်တော့်ကို ပြန် ချော့လာဖို့ အထာနဲ့ မျက်နှာတင်းထားပေမယ့်.. မ က ကျွန်တော့်အသားနဲ့တောင်မထိနိုင်လောက်အောင် ဘေးဘက်ကို တိုးထိုင်သတဲ့ ။

ဘာတွေ အဲ့လောက် ပြောင်းလဲပြနေတာလဲ..။

" မ.. ဘယ်လို ဖြစ်နေတာလဲ ဟမ် "

ထိုးထွက်လာတဲ့ စိတ်က မရဲ့ လက်ကိုအတင်းဖိကိုင်ဆွဲပြီး မေးချလိုက်သည်..

" ငါ့လက်ကို မကိုင်စမ်းနဲ့.. ဘေးလူအမြင်တွေ ရှိသေးတယ် "

ကျွန်တော့်လက်ကို ခါးခါးသီးသီး ပုတ်ချလိုက်တဲ့ မရဲ့လက်တွေ.. ။

ကိုယ့်ချစ်သူလက်ကို ကိုင်တာပဲ ဆတ်ဆတ်ခါနေပြဖို့ မလိုဘူးထင်တယ်.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now