Part (16)

2K 69 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (16)

" မမ.. "

" ဟွန် "

ချစ်စုလေးက မျက်နှာလေးမရွှင်မလန်းနဲ့ မိုးအနားရောက်လာသည်.. ။

မနွယ်များဆူလိုက်လို့များလားမပြောတတ်.. ။

" မမကို မနွယ် ခေါ်ခိုင်းလိုက်လို့.. "

" ဟင် ဟုတ်လား.. "

မိုး သားတွေအတွက် ပြင်ဆင်ပေးနေတဲ့ ပေါင်မုန့်လေးတွေ ချထားခဲ့ကာ အိမ်ရှေ့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်.. ။

ဧည့်ခန်းမှာထိုင်နေတဲ့သူကိုတွေ့တော့ အလိုလို ခြေလှမ်းတုန့်မိသည်.. ။

" မိုး လာလေ.. "

မနွယ်ကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ မိုးကိုလှမ်းခေါ်နေတာ.. ။

" မင်းဖြိုး ပြန်ရောက်နေတာတဲ့လေ.. "

သူကတော့ မိုးကိုပြုံးပြုံးကြီးကြည့်နေနိုင်ပေမယ့် မိုးကတော့ မပြုံးနေနိုင်.. ။

" ဪ မိုးနှယ်.. လာပါဆိုတာကို မလာဘူး မင်းဖြိုးပြန်ရောက်လာတာကို Suprise ဖြစ်နေတာနေမယ် "

မနွယ်က ထိုင်နေရာကနေထလာပြီး မိုးရဲ့လက်ကိုလာဆွဲခေါ်ကာ မနွယ်နဲ့အတူထိုင်စေပြန်တယ်.. ။

" ဒီမှာလေ မိုးရဲ့.. မင်းဖြိုးက ပြန်ရောက်ရောက်ချင်း လာနှုတ်ဆက်တာတဲ့ "

" .............. "

မိုး သူ့ကိုကြည့်တော့ ပုံမှန်အတိုင်းသာ.. ။

သူပြန်ရောက်နေတာဖြင့် အနည်းဆုံး သုံးလေးရက်လောက် ရှိနေပြီကို.. မနွယ်ကိုခုမှပြန်ရောက်တယ်လို့ပြောထားတဲ့ပုံ ။

" မတွေ့တာကြာတော့ သွန်းက ပိုလှလာတယ်.."

" ဟုတ်ပါ့.. မိုးက သားလေးမွေးပြီးတော့မှ ပိုကြည့်ကောင်းလာတာ "

မနွယ်က မိုးရဲ့လက်ကိုအသာဖွဖွတို့ထိကိုင်ရင်း သားတစ်ယောက်အမေမှန်း ကြွားပြနေလေရဲ့..။

" ဟင်.. သွန်းက အိမ်ထောင်ထပ်ပြုထားတာလား "

မသိချင်ယောင်ဆောင်ပြီး မေးနေပြန်ပါပေါ့လား..။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now