သွန်းလျှံ မြစ်သွယ်
🌸pann
Part (31)
သွန်း ဖုန်းလေးကြည့် အနားယူနေတုန်း ဖုန်းကောလ်လေးဝင်လာတော့ ရင်ထဲထိတ်ခနဲလေးဖြစ်သွားရသည်.. ။
ဒီဖုန်းနံပါတ်လေးက သွန်းဆီ လေးငါးကြိမ်ဝင်လာဖူးပေမယ့် ဖုန်းပြောတဲ့သူကပိုင်ရှင်မဟုတ်တတ်..
' သူ.. သူများလား '
သူ့သူငယ်ချင်းတွေက ဒီမှာ မရှိဘူး.. ။
ဒါဆို သူ သွန်းဆီဆက်တာများလား..
ဖုန်းတီးလုံးနဲ့အတူ သွန်းရင်ခုန်သံလေးတွေက မြန်လွန်းတဲ့ဟာမိုနီလေးလို့သံယောင်လိုက်ပေးနေတာ.. ။
ဘယ်လိုလုပ်ရမလဲ..
ကိုင်ဖို့ မကိုင်ဖို့ကို ဆုံးဖြတ်ချက်ချရခက်နေတာလည်းသွန်းသာ.. ။
တီးလုံးသံလေး မဆုံးခင် သွန်း အလောတကြီး ကိုင်လိုက်ပါတယ်..
" ဟယ်လို.. "
" .............. "
သွန်းဘက်က အသံပေးပေမယ့် တစ်ဖက်မှာက တိတ်ဆိတ်လွန်းနေပြန်သည်.. ။
ဘာများဖြစ်လို့ပါလိမ့်..
ဇာတ်ကားတွေထဲကလို ဒဏ်ရာရပြီးတစ်နေရာရာမှာလဲကျနေလို့များလား.. ။
ခေါင်းကအကောင်းတွေးမရ..
ပေါက်ကရအတွေးတွေပဲ တွေးနေမိတာမို့ လူကဒီအခိုက်တန့်လေးမှာတင် စိတ်ပင်ပန်းနေရပြီ..။
" လျှံ.. လျှံလားဟင် "
တီးတိုးလေး မေးလိုက်သည်.. ။
" ဟယ်လို "
ဖုန်းများ ကျနေသလားလို့ နားနဲ့ပြန်ခွာပြီး စစ်ကြည့်ရသေးတယ်.. ။
' ဖုန်း မကျသေးပါဘူး.. '
နောက်တစ်ခါ ထပ်ခေါ်ကြည့်မယ်လို့တွေးရင်း ပါးစပ်ဟလိုက်တဲ့ချိန်..
" သွန်း.. "
ကြားလိုက်ရတဲ့ အသံတစ်ခု..
တိုးပေမယ့် သွန်း ကောင်းကောင်းကြားနိုင်တဲ့ အသံအနေထား.. ။
" လျှံ့အသံမကြားတော့ သွန်းက ဖုန်းကျသွားတယ် မှတ်နေတာ.. "
" ကျွန်တော်နဲ့ တွဲမလား.. သွန်း "
ВЫ ЧИТАЕТЕ
သွန်းလျှံ မြစ်သွယ် (Unicode)
Любовные романы" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
