သွန်းလျှံ မြစ်သွယ်
🌸pann
Part (12)
မိုး အလုပ်သွားမယ့်အရေး အဝတ်ရွေးနေတာ ဘယ်နှထည်ရှိနေပြီမှန်းမသိ.. ။
တစ်ထည်မှသဘောကျနေတာလည်းမရှိ..။
" ကျစ်.. ငါ အင်္ကျီအသစ်တွေ ထပ်ချုပ်ရမယ် ဘာမှလည်းမရှိဘူး "
ဗီဒိုထဲခေါင်းထည့်မွှေနေရတဲ့ ကိုယ့်အဖြစ်..။
" မေမေရေ.. ပြီးသေးဘူးလား "
သားငယ်က အခန်းတွင်းပြန်ဝင်ကာ မိုးကို မေးနေပြီ.. ။
" ရေ ရေ.. ပြီးပြီ ပြီးပြီ ခဏ "
" သားတို့စောင့်နေတာကြာပြီ.. ကျောင်းနောက်ကျတော့မယ် "
" မေမေ လာပြီနော်.. ငါးမိနစ်စောင့် ငါးမိနစ်ပဲ ကားထဲဝင်စောင့်နေနော် အမေလာမယ် "
" ဟုတ် "
မိုး ခုတော့ အဝတ်ရွေးနေဖို့အချိန်မရ.. ။
ရွေ့ရာအဝတ်တွေ ဆွဲယူတော့ လက်ထဲပါလာတာက ခရမ်းရင့်ရောင်ဝမ်းဆက်..
" ဒါလည်း မဆိုးပါဘူးလေ.. "
မှန်တောင် ပြန်မကြည့်နိုင်တော့.. ။
မြန်မြန်အဝတ်လဲပြီး အောက်ထပ်သာပြေးဆင်းသွားလိုက်သည်..။
" မေမေရေ...မေမေ "
" လာပြီ... "
အောက်ထပ်မှာ အော်နေတဲ့အသံကြောင့် ပြေးလွှားရင်း ပြန်ထူးရတယ်.. ။
" ချစ်စုရေ.. မမတို့သွားပြီနော် "
ချစ်စုကို အော်ခဲ့ပြီး ကားကိုအမြန်ဝင်ကာ သားတွေကိုကျောင်းလိုက်ပို့ရသည်.. ။
" ကျောင်းခေါင်းလောင်းက ခုမှထိုးတာ.. မြန်မြန်ဝင်ကြ "
ကျောင်းပေါက်ဝရောက်တော့ ကျောင်းစောင့်ကျတဲ့ဆရာမလေးက လှမ်းအော်သတိပေးလို့ သားတွေမြန်မြန်ပြေးဆင်းသွားရတယ်.. ။
မိုးကတော့ သားတွေကိုအားနာလိုက်တာ..
' အဲ့ဒါ မှတ်ထား.. အလကားသပ်သပ် လှချင်ပြီး အဝတ်စားရွေးအုံး '
ကိုယ့်ကိုယ်ကိုယ် ကြိတ်ဆုံးမပြီး အလုပ်သွားရသည်..
.
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
