Part (22)

2.8K 71 5
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (22)

ပြည့်ကျော်နဲ့ ခြံထဲမှာ စကားပြောပြီးလို့ ပြည့်ကျော်တောင်သူ့အခန်းသူပြန်သွားပြီ.. ။

ကိုယ့်မှာသာခြံထဲဆက်ထိုင်ကျန်နေခဲ့သေးတာ..

ဒီညမှာ မကိုလွမ်းလွန်းတဲ့စိတ်နဲ့ မှတ်ရနေတဲ့ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်သည်.. ။

" တီ....."

ဖုန်းဝင်သံလေး တတီတီလေးကို နားထောင်ရင်းနဲ့ ရင်ခုန်သံတွေကလည်းတဒုတ်ဒုတ် မြည်နေခဲ့တာ.. ။

' အဟက်.. '

ကိုယ့်ရင်ခုန်သံကို ကိုယ်နားထောင်ရင်း သဘောကျပြုံးရယ်မိသေးတယ်.. ။

အသက် ၂၈ ရှိနေပါပြီ မ.. ။

လွန်ခဲ့တဲ့ နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက် မဟုတ်တော့ပါဘူး.. ။

ဒါပေမယ့်ဒီနေ့ညမှာ ဖုန်းလေးဆက်ရင်းလူငယ်ရင်ခုန်သံလို ခုန်နေတဲ့ကျွန်တော့်နှလုံးသားနုနုကို မ နားထောင်ပေးကောင်းပါရဲ့.. ။

အရင်နီးစပ်တုန်းကတော့ ဒီလောက်မဖြစ်ခဲ့ပါဘဲ ဝေးကာမှပိုသိခဲ့ရတဲ့ကိုယ့်ရင်ခုန်သံ..

ဒီတစ်ခါ ကျွန်တော် ချစ်ရသူက ဦးဆုံးအချစ်မဟုတ်ပေမယ့် နောက်ဆုံးချစ်ရတဲ့အချစ်နဲ့ချစ်မိတာပါ.. ။

သဝန်မကြောင်တတ်ဖူးတဲ့ကျွန်တော်က ပထမဆုံးသူ့ကိုမှသဝန်တိုမိခဲ့တာ..

အဲ့လောက်ထိ ကျွန်တော် ချစ်မိတယ်ဆိုတာထက် ပိုချစ်မိခဲ့တာပါ မ.. ။

" ဟယ်လို.. "

ဒီအသံ.. ဒီအသံလေး ။

ရင်တွေခုန်တာက အဆမတန်ပါ..

" မ.. "

" .......... "

တစ်ဖက်က ဘာသံမှ ပြန်မကြား.. ။

ဖုန်းများ ကျသွားလို့လား ဖုန်း screen ကြည့်တော့လည်း မဟုတ်နေ..

" ဟယ်လို.. မ မကြားရဘူးလား "

လိုင်းများ မကောင်းလို့များလားမသိ.. ။

" ဟယ်လို.. ဟယ်လို "

" ကြားပါတယ်.. "

ကျွန်တော့်အသံကြားမှာ တီးတိုးပေါ်လာတဲ့ အသံတစ်ခု.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now