Part (28)

1.6K 54 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (28)

သွန်းတို့ ဒီနေ့တော့ ထမ်းဆမ်းဂူ ကိုလာလည်ကြတာ.. ။

မနေ့ကလိုတော့ ဆိုင်ကယ်နဲ့မဟုတ်.. သူတို့အဖွဲ့က တစ်စီး သွန်းနဲ့ချစ်စုကတစ်စီး ။

" မမ.. နည်းနည်းဝေးတယ်နော် "

" အွန်.. "

" ချစ်စုကတော့ ပျော်တယ်.. မမနဲ့အတူပတ်လည်ရတာရော မရောက်ဖူးတဲ့နေရာရောက်ရတာရော "

" အဟွင်း.. မမလည်းပျော်တာပဲ ကျောင်းတက်တဲ့ချိန် အားလပ်ရက်လည်းရလေ့လာခရီးလည်းထွက်ရသလိုပဲ "

" အဲ့ဒါပဲလား.. "

" ဘာကိုလဲ "

" ရှေ့က အစ်ကိုကြောင့်ရော မပါဘူးလား.."

ရှေ့က ကားကို မေးလေးထိုးပြနေတဲ့ ချစ်စု.. ။

" ချစ်စုနော်.. စ လာပြန်ပြီ "

" မဟုတ်လို့လား.. "

" ငြိမ်ငြိမ်ထိုင် "

" ခိခိ.. ချစ်စု သိပါတယ်နော် "

သွန်းကတော့ မရယ်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းရသည်.. ။

" လက်ထုတ်လို့ရပြီလား.. "

ချစ်စု မေးတော့ နောက်လမ်းကို စစ်ကြည့်တော့ ကားတွေရှားနေပြီ.. ။

ထမ်းဆမ်းဂူက တကယ်တော့ကျောက်တောင်တွင်းမှာဂူသဖွယ် ရှိနေတာမို့ တောတောင်တွေကြားမှာသာ.. ။

လူနေရပ်ကွက်နားလည်းမဟုတ်.. မြို့ထဲမှာလည်းမဟုတ် ။

မြို့ထဲကနေကျော်လာတာနဲ့ ကားလမ်းမှာယာဉ်သိပ်မရှိနေတော့..

" ရပြီ.. "

သွန်း ခေါင်းညိတ်တာနဲ့ ကားမှန်အပြည့်ချပြီး လက်ကို အပြင်ထုတ်ကစားနေတဲ့ ချစ်စု..

" အဟင်း.. "

ချစ်စု ပြုံးပြီး ကစားနေတာ မြင်ရတော့ သွန်းလည်း သဘောကျပြုံးမိသည်.. ။

" ခိခိ.. ကောင်းလိုက်တာ "

တကယ်ဆို သွန်းလည်း လေကိုထိတွေ့ကစားရတာကြိုက်ပေမယ့် ကားမောင်းနေတော့လက်မထုတ်ဖြစ်.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now