Part (23)

1.9K 69 1
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (23)

သားတွေကို ကျောင်းလိုက်ပို့ဖို့ ဆင်းလာတော့ ဧည့်ခန်းမှာ အခန့်သားထိုင်နေတဲ့မင်းဖြိုးသူ..

" မိုး ဆင်းလာပြီလား.. မင်းဖြိုးက မိုးနဲ့အပြင်သွားချင်လို့ဆိုပြီး ရောက်နေတာ "

" မိုး မအားဘူး.. "

မိုး တစ်ခါထဲ ငြင်းချက်ထုတ်လိုက်သည်.. ။

မိုး မလိုက်ချင်နေပါ.. ။

" ကျောင်းသွားပို့ဖို့ဆို မနွယ်ကပဲ သားတွေကို ကျောင်းသွားပို့လိုက်မယ်လေ.. "

" မနွယ်က အလုပ်မသွားဘူးလား.. "

" သွားမှာပေါ့.. သွားမှာလေ သားတွေကိုပို့ပြီးမှ မနွယ်သွားလည်းရတာကို "

" မိုးပဲ လိုက်ပို့နေကျပါ.. မိုးပဲ ပို့လိုက်မယ် "

" မင်းဖြိုးနဲ့ပဲ သွားလည်လိုက်ပါ.. ကျန်တာ မနွယ်လုပ်ပါမယ်ဆိုမှ "

" မဟုတ်.. "

" လာ သားတို့.. ဒီနေ့တော့ ဒီကမေမေနဲ့ကျောင်းသွားရအောင် "

ကလေးတွေကို အတင်းလက်ဆွဲခေါ်နေတဲ့မနွယ်.. ။

" မနွယ်.. "

" မိုး တို့အေးဆေးလည်နော်.. ညနေထိလည်လည်းဘာမှမဖြစ်ဘူး မနွယ်ပဲကလေးတွေကိုသွားကြိုလိုက်မယ် "

" ဟာ.. မနွယ် "

" သွားပြီ သွားပြီ.. "

တကယ်ကို ကလေးတွေကို ကားထဲဇွတ်ထည့်နေတဲ့ မနွယ်.. ။

" မေမေ့.. တာ့တာ "

သားငယ်လေးက ခေါင်းထုတ်ပြီး မိုးကို တာ့တာပြနေတော့ မိုး လည်းလက်လေးပြကာပြုံးပြရင်းနှုတ်ဆက်လိုက်သည်.. ။

မနွယ်ကတော့ အပြုံးပေါပေါသီသီနဲ့ မိုးတို့ကိုပြုံးပြရင်း ကားမောင်းထွက်သွားပြီ.. ။

မိုးမှာတော့ အနားမှာကျန်နေခဲ့တဲ့ မျက်နှာကိုသာမကြည်ကြည့်နဲ့ကြည့်ကျန်နေခဲ့ရင်း..

.

နှစ်ယောက်အတူ ရောက်လာခဲ့တာက လူရှင်းတဲ့လမ်းတစ်နေရာ..

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now