Part (7)

2.4K 78 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (7)

" နွယ်.. "

နွယ် မျက်နှာကို ညအိပ်လိမ်းခရင်မ် လိမ်းနေချိန် ဦးကကုတင်ပေါ်မှာခြေဆင်းထိုင်ရင်း နွယ့်ကိုခေါ်နေတော့.. နွယ် မှန်ထဲကနေဦးကိုလှမ်းကြည့်လိုက်သည် ။

ဦးကလည်း နွယ့်ကို မှန်ထဲကနေပြန်ကြည့်ကာ..

" ဒီနေ့ ကိုယ်တို့ဆီ ကမ်းလှမ်းချက် တစ်ခုရတယ်.. "

" ဘာကိုလဲ.. "

" NH ကို နွယ် သိတယ်မလား.. "

" နွယ် သိပါတယ်.. ခု သူဋ္ဌေးသစ်ပြောင်းသွားပြီမလား ရာထူးလွှဲပြောင်းတဲ့နေ့ကတောင် မိုးသွားလိုက်သေးတာပဲ "

" အင်.. ဟုတ်တယ် "

နွယ် မျက်နှာကို သေချာလေးလိမ်းပြီးမှ ကိုယ်လက်တွေကိုလည်း အသားရည်ထိန်းတဲ့အရည်ကြည်လေးနဲ့လိုက်လိမ်းနေလိုက်သည်.. ။

ဒါကို ဦးက တစ်ခါတလေ နွယ့်ကိုပြောချင်သား..

' သမီးလည်း မိခင်တစ်ယောက်ပဲ.. နွယ့်လိုဘာမှသုံးနေတာမဟုတ်ဘူး အလှပကအဲ့လောက်မလိုတော့ပါဘူး နွယ်ရယ် ' တဲ့လေ.. ။

နွယ်တို့ကလည်း ဘယ်သူ့စကားမှနားထောင်တတ်တာ မဟုတ်ဘူး.. ။

နွယ်ကနွယ်.. မိုးကမိုး တခြားစီပါ ။

" ခု NH က သူဋ္ဌေးပြောင်းသွားမှ ခြေလှမ်းတွေ တော်တော်သွက်နေတယ်.. "

အင်း.. ဒါလည်း နွယ် ကြားနေပါတယ် ။

စီးပွားလောကထဲ NH က တဖြေးဖြေးတိုးဝင်လာနေတာကို..

" နွယ်.. တစ်စွန်းတစ်စ ကြားထားပါတယ် အဲ့ဒါဘာဖြစ်လို့လဲ "

" NH က DS နဲ့ project တစ်ခု ပူးပေါင်းဖို့ ကမ်းလှမ်းတယ် နွယ်.. "

" ဟင်.. တကယ်လား "

နွယ် ကိုယ်ကိုလိမ်းကြံနေရာကနေ ဆွေ့ကနဲ ဦး အနားရောက်သွားသည်.. ။

" ဟုတ်တယ်.. ဒီနေ့ကတင် NH က ဦး ဆီကို တိုက်ရိုက် ဆက်သွယ်မေးလာတာ "

" ဦး ဘယ်လိုပြန်ပြောလိုက်လဲ.. "

" စဉ်းစားပါရစေအုံး လို့ ပြန်ပြောလိုက်တယ်.. "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now