Part (35)

2.1K 60 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (35)

မောင်ကတော့ ကုတင်မှာ ဘာအတွေးမှ မရှိသလိုအေးဆေးအိပ်နေတာ.. ။

ဒီနေ့ ပင်ပန်းသွားတဲ့အပြင် အဖျားရှိန်ပါတက်နေတယ်တဲ့လေ.. ။

အာ့ကြောင့် လဲကျသွားတယ်လို့ ဆရာဝန်ကတော့ပြောသွားတာပဲ.. ။

သွန်းကတော့ မောင့်ရဲ့မျက်နှာလေးကိုသာ ထိုင်ကြည့်နေမိတာ.. ။

တကယ်ဆိုသွန်းက မနွယ်ကိုစောင့်ရှောက်ပေးဖို့ဒီမှာရှိနေတာပါ.. ။

ခုတော့ မောင်နဲ့အတူ လာနေဖြစ်ပြန်တယ်..။

" ............ "

မျက်ရည်ဝဲရပြန်သည်.. ။

အတွေးထဲ ရောက်လာပြန်ပြီ မောင်.. ။

မောင်က သွန်းကို မချစ်ဘူးတဲ့.. ။

ဒါကိုပဲ ခံစားရခက်နေတုန်း.. ။

သွန်းက မောင့်ကိုချစ်သလို မောင်လည်းပြန်ချစ်ရမယ်လို့ တွေးမိတာလိုချင်မိတာက လောဘဖြစ်သွားတာလား.. ။

' သွန်း မှားသွားတာလား.. '

သွန်း မောင့်လက်မောင်းလေးကို လက်နှစ်ဖက်နဲ့ဖက်တွယ်လိုက်ရင်း ခေါင်းမှောက်ကာ ငိုမိပြန်သည်.. ။

' မောင့်ကို သိပ်ချစ်တာ သိရဲ့လား.. '

.

ကျွန်တော် နိုးတော့ အခန်းထဲမှာ ဘယ်သူမှမတွေ့.. ။

' သွန်းရော.. '

ပထမဆုံး ရှာမိတာ သူ့ကိုသာ.. ။

စိတ်ဆိုးနေတုန်းလား.. ။

အထင်လွဲနေတုန်းလား.. ။

လူကို မတွေ့ချင်တော့ဘူးလား.. ။

" ........... "

သူ့ကိုလိုက်ရှာဖို့ ကုတင်ကအဆင်း..

" ........... "

မျက်နှာတည်တည်လေးနဲ့ အခန်းထဲဝင်လာတဲ့ ကျွန်တော့်ရဲ့သွန်း..

မျက်ဝန်းလေးတွေကလည်း ကျွန်တော့်ကိုမကြည့်နေ.. ။

ဝင်လာတာနဲ့ တန်း အိမ်သာခန်းဘက် သွားတာ..။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now