သွန်းလျှံ မြစ်သွယ်
🌸pann
Part (36)
ဒီနေ့.. ။
သူနဲ့ ကွာရှင်းတဲ့နေ့.. ။
လက်မှတ်ထိုးပြီး ရုံးမှာစာတင်ပြီးရုံးရှေ့မှာ နှစ်ယောက်သားမျက်နှာချင်းဆိုင် ရပ်နေမိကြသည်..။
သွန်းကတော့ ဘာစကားမှမပြောဘဲ သူ့ကိုသာတမေ့တမောငေးကြည့်နေခဲ့မိတာ.. ။
" ကျွန်တော် နောက်နှစ်ရက်နေရင် ထွက်သွားတော့မယ်.. "
ဘယ်ကိုလဲ.. ။
ဘယ်လောက်ကြာမှာလဲ.. ။
ပြန်လာအုံးမှာလား.. ။
သွန်း ဘာတစ်ခုမှ ဖွင့်ဟမမေးနိုင်.. ။
သူ့မျက်ဝန်းလေးကိုပဲ မျက်ရည်လေးတွေနဲ့ ငေးကြည့်နေမိခဲ့တာ.. ။
" ကျွန်တော် လက်စားပြန်လာချေမှာ.. "
" ဘယ်နှနှစ်ကြာမယ် မသိပေမယ့် ကျွန်တော် အင်ကြင်းနွယ် ရှေ့ အရောက်ပြန်လာအုံးမှာ.."
ကျွန်တော်ကသာ တစ်ခွန်းပြီး တစ်ခွန်းပြောနေခဲ့ပေမယ့် သူကတော့ ကျွန်တော့်ကိုမျက်ရည်စတွေနဲ့ မျက်တောင်မခတ်တမ်းငေးကြည့်နေတာ..။
" ကျွန်တော့်ကို ပြောစရာမရှိဘူးလား.. "
မျက်လွှာလေးချတဲ့ချိန် မျက်ရည်ပေါက်ကြီးလေးတွေ ခုန်ဆင်းသွားမှန်း ကျွန်တော်တွေ့လိုက်ပါတယ်.. ။
ဒီမျက်ဝန်းစလေးမှာ မျက်ရည်မမြင်ချင်ခဲ့တာအစကတည်းက.. ။
ခုတော့.. မျက်ရည်တောင်မသုတ်ပေးနိုင်တော့တဲ့ကိုယ်တို့အခြေနေ ။
လက်သီးတင်းတင်းဆုပ်ထားလိုက်ပါတယ်..။
" သွားမယ့်နေရာ မရွေ့တတ်လို့ ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံပြီး မလုပ်နေပါနဲ့.. "
တီးတိုးသံအပြင် တုန်ခါနေတဲ့လည်ချောင်းသံလေး.. ။
" ဒါပဲလား.. "
မောင့်ကို သွန်း သိပ်ချစ်တယ်.. ။
ဒီစကား ဒီအချိန် ပြောသင့်သေးပါရဲ့လား.. ။
" နောက်ဆုံးအနေနဲ့ ဘာမှပြောစရာမရှိတော့ဘူးလား.. "
ကျွန်တော် သူ့ဆီက မမျှော်နေသင့်ပေမယ့်မျှော်လင့်နေသေးတာ.. ။
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
