သွန်းလျှံ မြစ်သွယ်
🌸pann
Part (27)
" ဟျောင့်.. ဟိန်းခ ဟျောင့် ဟိန်းခ ဟိန်းခ "
" ဟွန်.. ဘာလဲကွာ "
သူများအိပ်နေတာကို လာပုတ်နှိုးနေတာ.. စောစောစီးစီး သူများဇိမ်ယူနေတာလာဖျက်တဲ့ အကောင် ။
" ဘာလဲ လုပ်မနေနဲ့.. ထတော့ "
" အစောကြီး ရှိသေးတာကို.. ဘာလုပ်မို့လဲ "
" မစောတော့ပါဘူးကွာ.. နေထွက်နေတာ ပြူ းပြဲနေပြီ ထတော့ ငါတို့မသွန်းဆက်နဲ့လည်း ချိန်းထားသေးတယ်လေ "
" မင်းချိန်းထားတာပဲ.. မင်း သွားပေါ့ "
" မင်းပါ လိုက်ရမှာ.. မရစ်နဲ့ ထ ကွာ "
" ကျွတ်.. သာသနာဖျက်တယ်ကွာ "
" ထပါကွာ မင်းကလည်း.. "
မထလို့ မဖြစ်အောင်လည်း လာညှော်နေမှတော့ ဒီကောင် မထချင်ထချင်နဲ့ထရပြီ.. ။
" သွား.. မျက်နှာသွားသစ်အုံး "
" တော်တော် တက်ကြွနေ ဟက်လား.. "
" ဒါပေါ့ကွ.. ဟိုနှစ်ကောင်တောင် ထွက်လာပြီတဲ့ မင်းပဲအပျင်းကြီးနေတာ "
" မင်းတို့လို နှာမှမထ.. "
" မင်းအတွက်နော်.. မရှည်စမ်းပါနဲ့ သွားစမ်းပါ "
" ကျွတ်.. အေ အေး "
အိပ်ချင်မပြေသေးတဲ့ မျက်နှာနဲ့ ရေချိုးခန်းဝင်ပြီး စိတ်လန်းဆန်းအောင် ရေနဲ့ထိတွေ့ပေးရသေးတယ်.. ။
" .............. "
ဆိုင်ကယ်ရပ်သံကြားလို့ ရေချိုးခန်းထဲကနေ ခေါင်းပြူ ကြည့်ရသေးတယ်.. ။
ရေချိုးခန်းနဲ့အိမ်သာ အိမ်နဲ့ခွဲထုတ်ပြီး သက်သက်ထုတ်ကာ ဆောက်ထားတာလေ..
ဘယ်သူတွေများလဲမှတ်တယ်.. ဇေယျာနဲ့ စည်သူ ။
ခေါင်းပြူ ထွက်နေတဲ့ကျွန်တော့်ကိုလည်း မြင်ရော..
" ဟာ.. ခုမှ ထ တာလား "
" မင်းတို့က ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ပါလား.. "
" လည်မယ် ပတ်မယ်လေကွာ.. "
" မြန်မြန်လုပ်ကွာ.. မသွန်းဆက်ကိုလည်း သွားခေါ်ရအုံးမှာ "
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
