Part (3)

4.5K 119 1
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (3)

နွယ် ပိုက်ဆံအိတ်ကို လက်မှာချိတ်.. ခေါင်းကိုဘယ်မှ လှည့်မကြည့်ထားဘဲ ရှေ့တည့်တည့်ကိုသာမော်လျှောက်လာလိုက်သည် ။

နွယ်ကိုတွေ့တဲ့သူတိုင်း ခေါင်းငုံ့ဦးညွတ် နှုတ်ဆက်လို့..

' အဟွင်း.. '

နွယ် ပြုံးလိုက်မိသည်.. ။

နွယ်ရဲ့ခြေလှမ်းတိုင်းက တက်ကြွပြီးမြှောက်တက်နေတာ.. ။

ဒီခြေလှမ်းတွေနဲ့ပဲ နွယ့်ရဲ့ကိုယ်ပိုင်ရုံးခန်းဆီဦးတည်လျှောက်လာတာ.. ။

အခန်းတွင်းရောက်တော့ လက်မှတ်ထိုးဖို့လိုတဲ့ဖိုင်တွဲတွေက အဆင်သင့်ရောက်နေပြီ..။

အလုပ်တွေပုံနေလည်း နွယ်စိတ်မပျက်မိပါ..။

အခုဆို နွယ်က အရေးကြီးတဲ့သူတစ်ယောက်ဖြစ်နေပြီ.. ။

လုပ်ငန်းပိုင်းမှာ နွယ်ရဲ့လက်မှတ်တွေက အရေးပါအရာရောက်နေပြီ.. ။

အရင်ကနွယ်ဆိုတဲ့မိန်းကလေးတစ်ယောက်က အခုလိုမှမဟုတ်ခဲ့တာ..

ဒီနေရာရောက်ဖို့ နွယ် ကြိုးစားရှင်သန်ခဲ့ရတာ..။

ကိုယ့်ရဲ့ အောင်မြင်မှုကို နွယ် သဘောကျအားရတယ်.. ။

' ဒီထက် နိမ့်ဖို့မတွေးတော့ဘူး.. မြင့်ဖို့ပဲ ရှိတော့တယ် '

.

" ဟီး... ဟားဟား "

" ဟားဟား "

" သားတို့ရေ.. အမေ့ ပန်းတွေ မဆော့နဲ့နော် "

" ဟုတ် "

ဒီနေ့ ကျောင်းပိတ်ရက်လေးမို့ သားနှစ်ယောက်လုံးကို မိုးရဲ့ဆိုင်ကို ခေါ်လာတာ.. ။

နှစ်ယောက်သား ဆိုင်တွင်းထဲ တဟားဟားနဲ့ပတ်ပြေးဆော့နေကြတာ.. ။

ပန်းတွေထိမှာစိုးလို့ မိုးလှမ်းသတိပေးရသေးတယ်.. ။

" မေ့.. သားတို့ အရုပ်တွေရော "

ပတ်ပြေးကစားရင်းကနေ မိုးအနား ပြန်ပြေးလာပြီး အရုပ်မေးနေတဲ့ သားကြီး.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now