သွန်းလျှံ မြစ်သွယ်
🌸pann
Part (43)
" ကိုလေး.. "
" အင် "
" အင်ကြင်းနွယ်က ကိုလေးနဲ့ တွေ့ချင်နေတယ်.."
" ဘာလုပ်ဖို့လဲ "
" DS ရှယ်ယာရှင်နောက် သူလိုက်နေတာ.."
" နောက်ဆုံးတော့ ငါ့အလှည့်ရောက်လာပြီပေါ့.."
ရှယ်ယာရှင်တွေ တိတ်တဆိတ် လိုက်တွေ့ပြီး လိုက်ညှိနေတာ.. သူကတော့ လုံလှပြီမှတ်နေလားမသိဘူး ။
သွန်းအဖေကတော့ ကြိုသိနေတာသူမသိဘူးလားမသိ..။
" ငါ့နေရာအစား တခြားလူငှားပြီး တွေ့ခိုင်းလိုက်.."
" ဟုတ်ကဲ့.. "
အစည်းဝေးက တဖြေးဖြေး ရက်ကပ်လာပြီ..။
ဟိန်းခ စားပွဲတင်ခုံပေါ်မှာ ထောင်ထားတဲ့အဖေ့ဓာတ်ပုံကို ကြည့်မိသည်..။
' အဖေ.. နောက်ဆုံးတော့ အဖေ့သားရောက်ချင်တဲ့နေရာ ရောက်တော့မယ် ဒီထိရောက်လာဖို့နှစ်တွေအများကြီး ကြိုးစားခဲ့ရတယ်.. သားအတွက် အရေးပါတဲ့သူတွေနဲ့ဝေးခဲ့ရတယ် ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ အရာမှန်သမျှပြန်ပိုင်ရဖို့ဘာမဆိုလုပ်ခဲ့ရတယ်.. သူများဦးညွှတ်ခဲ့ရတယ် ဒီလိုရပ်တည်နိုင်ဖို့တပည့်ခံခဲ့ရတယ် အရာအားလုံး ကျွန်တော် လုပ်ခဲ့ပေမယ့် ဒီနေရာရောက်ဖို့မျှော်လင့်ပြီး ရောက်ခဲ့လာပေမယ့်.. ကျွန်တော် အရောက်ချင်ဆုံးနေရာရောက်ခါနီးမှပဲ ဘာလို့ ကျွန်တော် သိပ်မပျော်သလိုဖြစ်နေရတာလဲ အခုဆိုပျော်နေရမှာကို.. ဘာတွေကိုစိတ်လေးလံနေမှန်းကိုမသိတာ အဖေ့ကို အင်ကြင်းနွယ် အကွက်ကျော်ခဲ့သမျှ စိတ်အနှောင့်ယှက်ပေးခဲ့သမျှတစ်ပုံစံထဲ ပြန်လုပ်ရတာပဲလေ.. ဘာတွေထပ်ပြီး ကျွန်တော် စိတ်မအေးနေရသလိုခံစားနေရတာလဲ.. '
ဘဝမှာ အပူမမိစဖူး မိဖူးလိုက်တဲ့ အပူကြောင့် အသည်းသန် လိုက်ခဲ့တဲ့ လမ်းက မှန်ရဲ့လား..။
' ကျွန်တော် လုပ်နေတာ မှန်တယ် မဟုတ်လား အဖေ.. '
အဖေ့ဆီကနေ ဒီချိန် ကျွန်တော် ဘာစကားကြားရမလဲ..။
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
