Part (20)

2.2K 68 2
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (20)

ဟိန်းခ ကုတင်မှာပက်လက်လန်လှဲရင်း နဖူးပေါ်လက်တင်ကာ မျက်လုံးလေးတွေစုံမှိတ်ထားမိသည်.. ။

" ဒီလို မလုပ်ပါနဲ့.. ငါတို့မှားနေပြီ "

လို့ ကျောခိုင်းထွက်သွားတဲ့ ကျောပြင်.. ။

ကျွန်တော့်ရင်ခွင်ထဲကနေ ထွက်ပြီး လှမ်းထွက်လျှောက်လှမ်းသွားတဲ့ ခြေလှမ်းတိုင်းရဲ့ ခြေသံက ကျွန်တော့်ရင်ကိုတစ်ဆစ်ဆစ်နာအောင်ဖြတ်နင်းလျှောက်သွားသလို.. ။

လှမ်းဆွဲဖက်ထား လိုက်ချင်တဲ့စိတ်တွေက တဖွားဖွား ထွက်နေပေမယ့် လှမ်းဆွဲမထားနိုင်တဲ့လက်တွေကြောင့် ရင်နာနေရတာက ကျွန်တော့်နှလုံးသားတစ်ခုလုံး..

ဒါတွေ ဘယ်ကစလွဲခဲ့တာလဲ.. ။

ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ.. ။

ဒီလိုဖြစ်လာဖို့ ကိုယ်ကြိုးစားခဲ့တာတစ်ခုမှမရှိပေမယ့် ကိုယ့်ကို ရက်စက်လိုက်ပြီ.. ။

' ဘယ်လိုလဲ လျှံဟိန်းခ.. မင်း လက်လျှော့တော့မှာလား '

ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ပြန်မေးနေတဲ့မေးခွန်း.. ။

လက်လွှတ်ပေးသင့်ပေမယ့် လက်မလွှတ်နိုင်တဲ့ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့နှလုံးသား..

' မင်း သူ့အနားမှာပဲ နေချင်နေတာလား.. '

ဒီမေးခွန်းအတွက် နှစ်ခါတောင်ပြန်စဉ်းစားမလိုအောင် အဖြေက ခေါင်းညိတ်ခြင်း.. ။

နည်းနည်းတော့ ပင်ပန်းလောက်ပေမယ့် ခဏတော့ သည်းခံပေးပါ.. ။

ကျွန်တော်တို့ လျှောက်ရမယ့်လမ်းက အဆင်ချောမှာမဟုတ်ဘူး.. ။

ဒါပေမယ့် ကျွန်တော် ချစ်မိတဲ့ သူ့ကိုတော့ လက်လွှတ်မှာတော့မဟုတ်..

' မကို ကျွန်တော့်နား ခေါ်နိုင်အောင် ကြိုးစားမယ်.. '

.

" yes... please take care of my company. I can't come back there right now. Yeah.. if he will do the job which all of it will finish, I would come back with him. yeah... I see. Thanks a lot. "

" oh... gosh "

ဖုန်းပြောပြီး ပြန်လှည့်တော့ အနောက်မှာ မတ်မတ်ကြီးရပ်နေတဲ့ မအေးငြိမ်းဦးကြောင့်.. ဖြူ  လန့်တောင်လန့်သွားရသည် ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now