Part (4)

2.8K 88 2
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (4)

နွယ် ကုမ္ပဏီရောက်တာနဲ့ လူစုလူအုပ်တွေ ပြေးလွှားယောက်ယတ်ခတ်နေကြတဲ့သူတွေ စိတ်ရှုပ်ရှုပ်နဲ့ တွေ့လာခဲ့ရတယ်.. ။

ကိုယ့်ရုံးခန်းဆီသွားတော့လည်း တလျှောက်လုံးဒီလိုပုံစံတွေချည်းပဲ..

စိတ်ရှုပ်ဖို့ကောင်းလိုက်ပါဘိ.. ။

" အဲ့ဒါ ဘာဖြစ်နေကြတာလဲ.. "

အသံ ခပ်စူးစူးနဲ့ အော်မေးချလိုက်ရသည်.. ။

ဒီတော့မှ ဆူညံထနေတဲ့ နေရာကတိတ်ကျသွားတော့တယ်..

ဆူတုန်းကဆူကြပြီး ခုပြောခိုင်းတော့ အဲ့ပါးစပ်ပေါက်တွေကပိတ်နေတယ်.. ။

လူကိုစောစောစီးစီး ဒေါသထွက်အောင် လုပ်နေတာ..

" ဟဲ့.. ငါ မေးနေတယ်လေ "

ထပ် အော်မှ လန့်သလိုလို ကြောက်သလိုလို လှုပ်လှုပ်ရှားရှားလေး ဖြစ်လာကြတာ.. ။

ကျစ်.. ဒါတွေသဘောမကျတာပဲ ။

" ဟို MD... "

" ပြော "

" ဒီမနက် ဒီလိုသတင်းတွေထွက်ပြီး ရှယ်ယာစျေး အရမ်းထိုးကျနေလို့.. "

" ဟမ်.. "

ပေးလာတဲ့ tablet ကို ခပ်သွက်သွက် ဆွဲယူပြီးကြည့်လိုက်သည်.. ။

DS group ထဲမှာ ငွေရေးကြေးရေး အတွင်းလူကစားနေကြောင်း... ဆိုပါလား ။

DS group ငွေရေးကြေးရေး ပြဿ       နာပေါ်နေတယ်.. ပိုက်ဆံ တွေလိုက်ချေးနေတယ် DS ကရှယ်ယာရှင်တွေတော့ သတိထားဖို့လိုပြီ DS က ရာထူးကြီးပိုင်းထဲက အတွင်းလူနော် မယုံသင့်ဘူး ။

" တောက်.. ဒါ ဘယ်သူ့လက်ချက်လဲ "

" မသိသေးဘူးဗျ.. "

" ဒီလို အခြေအမြစ် မရှိတဲ့သတင်းကို ယုံနေကြတာလား.. "

" ဒါတော့သေချာမပြောတတ်ပေမယ့် တစ်ချို့တွေက ဖုန်းလှမ်းဆက်မေးပြီး တစ်ချို့ရှယ်ယာတွေပြန်ထုတ်နေကြတယ်.. တစ်ချို့ကတော့ financial ထုတ်ပြဖို့ တောင်းဆိုနေတယ် "

" တောက်.. ဒီအလုပ် လုပ်လာတာ ဘယ်လောက်သက်တမ်းရှိနေပြီလဲ ဘာမဟုတ်တဲ့သတင်းကြောင့် လူကိုမယုံသင်္ကာဖြစ်စရာလား.. ဘယ့်နှယ့် financial ထုတ်ပြဖို့ ပြောရတယ်လို့ "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now