သွန်းလျှံ မြစ်သွယ်
🌸pann
Part (30)
သွန်းကို စိုးမိုးတို့ ဖုန်းဆက်လာတယ်.. ။
သူတို့လက်ဆောင်ပို့လိုက်တယ်တဲ့..
သူတို့လှမ်းပြောတော့ သွန်းအောက်ထပ်ဆင်းလာကာ ချစ်စုကိုသွန်းအတွက်ပစ္စည်းရောက်ရင်ယူထားပေးပါအုံးမှာထားဖို့တွေးရင်းနဲ့.. ။
တွေ့လိုက်တာက အိမ်ပေါက်ဝမှာ မနွယ်နဲ့ ဓာတ်ပုံဘောင်နှစ်ခု..
ဘယ်သူ့ပုံတွေမှန်းလည်း သွန်းမသိသေး.. ။
" မနွယ်.. "
သွန်းနဲ့ အလှမ်းဝေးနေတော့ လှမ်းအော်ပြီး အနားကိုလျှောက်သွားလိုက်သည်.. ။
"မနွယ် ဘာဖြစ်.. ဟင် "
ကိုယ်တွေ့လိုက်ရတာက သွန်းနဲ့ သူ့ပုံ..
" ဒါက ဘယ်လိုဖြစ်.. "
သွန်း ဒူးလေးထောက်ထိုင်ကာ မှန်စတွေကိုဖယ်ကာ ဓာတ်ပုံဘောင်ကိုယူကြည့်မိသည်.. ။
နွယ် မျက်နှာပြန်ပြင်လိုက်ကာ..
" ဟိုမှာလေ လာပို့တဲ့ကောင်လေးက မနွယ်ကို သေချာလက်ထဲထည့်မပေးဘူး.. လက်တွေကြားပြုတ်ကျသွားလို့လေ "
ယုံလား မယုံလားလည်း ဆန်းစစ်မနေပါ.. ။
" .............. "
သွန်းကတော့ ပုံလေးတွေကို နှမြောတသသနဲ့ လက်ချောင်းတွေနဲ့ထိကိုင်ကြည့်မိနေတာ.. ။
" ဆောရီးနော် သွန်း.. "
" အဟင်း.. ရပါတယ် "
ပါးစပ်က ရတယ်ပြောပေမယ့် ရင်ထဲမှာတော့မကောင်း.. ။
" မနွယ်.. ဓာတ်ပုံဘောင်အသစ်ပြန်ဝယ်ပေးမယ်လေ ပုံတွေကိုမနွယ်ဆီပေးထားလိုက် "
မနွယ်က သွန်းကိုအားနာနေတယ်ထင်တယ်..။
ဓာတ်ပုံလေးပါပဲလေ..
ကိုယ့်ကိုယ်ကိုယ်သတိလေးပေးကာ..
" မဟုတ်တာ ရပါတယ် မနွယ်ရဲ့.. သွန်းဘာသာသွန်း ဓာတ်ပုံဘောင်အသစ်ဝယ်လိုက်မယ် ဓာတ်ပုံတွေအကောင်းတိုင်းရှိနေသေးတာပဲ ဘာမှမဖြစ်ပါဘူး အဟင်း.. "
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
