သွန်းလျှံ မြစ်သွယ်
🌸pann
Part (6)
မိုး သားလက်လေးကိုဆွဲပြီး အပေါ်ထပ်ကနေ ဆင်းလာနေလိုက်သည်.. ။
ပြီးမြတ်စုကိုလည်း လှမ်းပြီးဖုန်းဆက်နေရသေးတယ်..
" မမ သားတွေကို ကျောင်းပို့ရအုံးမှာနဲ့ NH ကပွဲအတွက် ပြန်မစစ်ပေးနိုင်သေးဘူး.. မြတ်စုပဲ သွားပြီးပြန်ကြည့်ပေးပါအုံးနော် ပြီးတော့မမ ပိုက်ဆံတွက်ထားပေးပြီးပြီ.. messager box မှာ မမပို့ထားပေးထားတယ် မြတ်စုက ဆိုင်က လယ်ဂျာထဲထည့်ပြီး စာရင်းပြလိုက်နော် "
" ဟုတ် မမ.. မြတ်စု လုပ်လိုက်ပါ့မယ် "
" နောက်ပြီး NH က အဖေတို့ကိုလည်း ဖိတ်ထားတယ်.. မမကိုအဖေက ကိုယ်စားလှယ်အဖြစ်သွားပေးဖို့ပြောတော့ မမသပ်သပ်သွားရအုံးမယ်.. ဒီနေ့ ဆိုင်လာတာ နောက်ကျမယ်နော် အထွေထူးကိစ္စရှိရင်လည်းဖုန်းဆက် "
သားက အောက်ထပ်လည်းရောက်ရော မိုးလက်ကိုဖြုတ်ပြီး သူ့အစ်ကိုဆီပြေးသွားပြီ.. ။
" ဟုတ်.. မမ အေးဆေးမှလာလည်း ရပါတယ်"
" အွန်း.. မမ သိပ်ကြာကြာနေမှာ မဟုတ်ပါဘူး ဒီတိုင်းမျက်နှာလေးပဲပြပြီး ပြန်လာမှာ "
" ဟုတ် မမ.. "
" အွန်း.. သူတို့လိုတာလေးလည်း သေချာကြည့်စီစဉ်ပေးလိုက်ပါအုံးနော် "
" ဟုတ် မမ.. "
" အွန်.. ဒါဆို ဒါပဲနော် မမ ကလေးတွေကျောင်းသွားပို့တော့မလို့ "
" ဟုတ်ကဲ့.. "
မိုး ဖုန်းချပြီး သားနှစ်ယောက်ကို ခေါ်ကာ ကျောင်းလိုက်ပို့ရသည်.. ။
သားနှစ်ယောက်လုံးကို ကျောင်းပို့ပေးပြီးမှ အိမ်တစ်ခေါက်ပြန်ကာရေချိုးပြင်ဆင်ရသည်..။
ပြင်ဆင်နေတုန်းလေး မြတ်စု ဆီက မက်ဆေ့ခ်ျလေးဝင်လာတယ်..
အားလုံးအဆင်ပြေပြီတဲ့.. သူ ဆိုင်ပြန်နှင့်တော့မယ်ပါတဲ့လေ ။
မိုးလည်း စာပြန်ပို့ပြီး ဖုန်းကိုဘေးဘက်မှာထားထားလိုက်ကာ ပြင်ဆင်စရာရှိတာ ဆက်ပြင်နေလိုက်သည်.. ။
VOCÊ ESTÁ LENDO
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
