သွန်းလျှံ မြစ်သွယ်
🌸pann
Part (42)
ဟိန်းခ ဆိုင်ထဲဝင်တာနဲ့ ကိုယ်မမြင်ချင်တဲ့မျက်နှာတွေ့ပြီ..။
သူက ဘာကိစ္စ ဆိုင်ကို ရောက်နေရတာလဲ..။
သားအနားမှာထိုင်နေတာ တွေ့ပေမယ့် သွန်းများအနားရှိမှာစိုးလို့ ပတ်ရှာကြည့်ရသေးသည်..။
တော်သေးတယ်.. ဟိုဘက်အခန်းမှာ ရှိနေလို့။
သားအနား တန်းတန်းသွားရင်း...
" သား.. "
" ဟာ.. ဖေဖေ့ "
" ဟဟ.. "
သားက ကျွန်တော့်ကို သူ့လက်သေးသေးလေးနဲ့ပွေ့ဖက်တော့ ကျွန်တော်သဘောကျကာရယ်မိသည်..။
" လာ.. "
သားကို ပွေ့ချီထားလိုက်သည်.. ။
တော်ကြာ ဟိုဘက်ကလူ ကောက်သွားမှာစိုးရတယ်..။
ကိုယ်က ပိုင်ရှင်အစစ်ဖြစ်ကြောင်း သိအောင်တော့ပြထားရမယ်လေ..။
" သားက ဖေဖေ့ကို စောင့်နေတာ.. "
" အဟွင်း.. ဖေဖေ နည်းနည်းနောက်ကျသွားတယ်"
" ရပါတယ်.. ဖေဖေ အလုပ်များနေလို့ မဟုတ်လား သား သိပါတယ် "
" အဟက်.. သိတတ်လိုက်တာကွာ "
သားရဲ့နဖူးလေးနဲ့တိုက်ကာ ပြောတော့ သားကသွားလေးပေါ်အောင်ပြုံးလို့.. ။
မင်းဖြိုး ဒီလူကိုကြည့်နေတာ သူသားငယ်အနားရောက်လာကတည်းက..
တစ်နေရာရာမှာသေချာပေါက် တွေ့ဖူးနေသလိုခံစားရပေမယ့် ဘယ်မှာတွေ့မှန်းမမှတ်မိချင်နေ..။
ဘယ်နေရာမှာ တွေ့ဖူးလဲဆိုတာကို စဉ်းစားနေရတဲ့အလုပ်ရှိလည်း..
သားငယ်လေးကိုပွေ့ဖက်ထားခွင့်ရပြီး ဖေဖေလို့တောင်အခေါ်ခံရတဲ့သူ့ကို မနာလိုဖြစ်ရသေးပြန်တယ်..။
နဂိုကမှသွန်းရဲ့အချစ်ကို အပိုင်စားရနေတဲ့သူ့ကို ကိုယ်ကြည်နေခဲ့တာမှမရှိ..။
" ထမင်းမစားရသေးဘူး မလား.."
" ဖေဖေ့ကို သားတို့စောင့်နေကြတာ.. "
YOU ARE READING
သွန်းလျှံ မြစ်သွယ် (Unicode)
Romance" နှစ်ဖက်ပြိုင်ယှဉ်တဲ့ခါ တစ်ဖက်ကနာကျင်ခံစားရမယ်ဆို နာကျင်ခံစားရမယ့်သူက ကိုယ်ပဲဖြစ်ချင်တယ်.. ကိုယ့်အတွက်နဲ့ ကိုယ့်ကြောင့်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး.. အဲ့ဒါ နုံတာ အ တာ ဆိုရင်လည်း ဆက်ပြီးနုံအချင်တယ် နာကျင်ခံစားရမယ့်ဝေဒနာတွေကိုပဲ လက်ခံယူပေးချင်တယ်...
