Part (33)

1.7K 67 0
                                    

သွန်းလျံ မြစ်သွယ်

🌸pann

Part (33)

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားတာ မြန်လွန်းခဲ့တယ်.. ။

ကိုယ်ဘယ်နေရာမှာ ရောက်နေတယ်.. ဘယ်နေရာမှာရှိနေခဲ့တယ်ဆိုတာနဲ့ အသားမကျသေးခင် နောက်တစ်နေရာကိုရောက်နေခဲ့နှင့်ပြီးပြီ ။

အမှန်ဆို တစ်နေရာနဲ့တစ်နေရာပြောင်းမြန်လွန်းလို့ နေသားမကျသင့်ပေမယ့်..

သွန်း ဘာကိုယုံခဲ့ပြီးနေသားကျဖို့ကြိုးစားခဲ့နေတာလဲ.. ။

ဘာလို့ဒီလိုပျော်နေတတ်ခဲ့ရတာလဲ..

" ဟျောင့်.. မင်္ဂလာဆောင်ကလည်း မြန်လိုက်တာ ငါတို့က ဟုတ်ရောဟုတ်ပါ့မလားတွေးနေတာ ဟမ် ခြေသွက်လွန်းမနေဘူးလား "

" အဟက်.. မင်းတို့ပဲ ဒီလိုဖြစ်စေချင်ခဲ့ကြတာ မဟုတ်လား "

" ဟုတ်တော့ဟုတ်ပေမယ့် ဒီလိုမြန်လိမ့်မယ်လို့မှမထင်ဘဲကိုးကွ.. "

" ကဲပါကွာ.. နောက်မှပြောတော့ ဟိုမှာ ဧည့်သည်တွေလာနေပြီ ငါနှုတ်ဆက်ရအုံးမယ် "

" ညကျ ဝိုင်းကြီးကြီးနော်.. "

" အေးပါကွာ.. သွားစမ်းပါ "

အတင်း နေရာယူထိုင်ခိုင်းလိုက်ရတယ်.. ။

ဧည့်သည်တွေကို နှုတ်ဆက်ရင်း အင်ကြင်းနွယ် ကို ကျွန်တော်မြင်လိုက်ပြီ.. ။

ကျွန်တော့်ကိုမကြည်ကြည့်နဲ့ကြည့်နေတာ..

" အဟင်း ဟုတ်ကဲ့.. အထဲကြွပါဗျ "

အင်ကြင်းနွယ်ကို ပလစ်ထားရင်း အပြုံးမျက်နှာပန်ဆင်ကာ ဧည့်သည်တွေကြိုဆိုနှုတ်ဆက်နေလိုက်သည်.. ။

" မင်း လာခဲ့အုံး.. "

ခုလည်း အင်ကြင်းနွယ်က ကျွန်တော့်လက်ကို လာဆွဲပြီး ဘယ်ခေါ်သွားချင်နေမှန်းမသိ.. ။

လူကွယ်ရာနေရာရောက်တော့..

" ဘာလုပ်တာလဲ ခင်ဗျား.. "

" နင် ဘာဖြစ်ချင်နေတာလဲ ဟိန်းခ.. "

" ဘာလဲ.. ဘာပြောတာလဲ "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now