Part (49)

3K 74 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (49)

" အေး.. စိုးမိုး ငါတို့တက်လာပြီ "

" ဖေဖေ့.. "

သားက ကားထဲကနေ လက်ယက်ခေါ်နေလို့ ဖုန်းပြောရင်း ဖိနပ်စီးကာ သားကို လက်ပြရသည်..။

" အေး.. ငါ့သားရော အေးပါ ဒါပဲ ဒါပဲ "

ဖုန်းချပြီး ကားထဲ ဝင်ထိုင်လိုက်သည်..။

အနားကို အပြုံးလေးနဲ့ ရောက်လာတဲ့ဦးပြုံး..

" ဦးပြုံးလည်း လိုက်ခဲ့ပါဆိုဗျာ.."

" သားတို့ပဲ သွားကြပါ.. ဦးပြုံး အိမ်မှာပဲ စောင့်နေပါ့မယ် "

" ပြီးရော.. ကျွန်တော်တို့ပြန်လာမှ ဦးပြုံးအတွက် လက်ဆောင်ဝယ်လာခဲ့မယ် "

" အေးအေး.."

ဦးပြုံးကို အိမ်မှာထားခဲ့ကာ တောင်ကြီး ချီတက်ရသည်..။

သိတယ်မလား.. ဒီလက တန်ဆောင်မုန်းလေ။

ထုံးစံအတိုင်း တောင်ကြီးက ပွဲတော်ကို သွားလည်ကြမှာ..။

သားနှစ်ယောက်ကတော့ မသွားဖူးတဲ့ပွဲမို့ ရင်ခုန်စိတ်လှုပ်ရှားနေလေရဲ့..။

" မေ့.. သားတို့ အရုပ်မီးပုံးပျံတွေလည်း တွေ့ရမှာလား "

နောက်မှာ အေးဆေးမထိုင်ဘဲ ခေါင်းလေးတွေကရှေ့ခန်းရောက်လာတော့.. သွန်းလည်းကိုယ်လေးစောင်းထိုင်ကာ

" ဒါပေါ့.."

" မေမေ့.. tom နဲ့ jerry အရုပ်တွေရောလား"

" ဟင်.. အဟွင့် အဲ့ဒါတွေတော့ ဘယ်ပါမလဲ မျောက် ရုပ်တွေ မျောက်ဝံတို့ဆင်တွေပါတာပေါ့"

" တခြားအရုပ်တွေရော ဘာပါလဲ.."

" အင်း... လိပ်ပါမယ် မြင်းကျားရယ် ဟင်္သာတတွေရယ် "

သွန်းကတော့ မှတ်မိသလောက် အမျိုးစားတွေရေရွတ်ပြရသည်..။

သားတွေကလည်း တစ်ခုပြီးတစ်ခု အမေးမြန်းမကုန်နိုင်..။

မောင်ကတော့ ပြုံးရင်း ကားမောင်းနေတာ..။

ချစ်စုကလည်း နောက်မှာသားတွေကိုကြည့်ရင်းပြုံးရယ်လို့ပါ..။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now