Part (32)

1.6K 56 1
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (32)

သွန်း စိတ်ထဲမှာရှိနေတဲ့ မေးခွန်းလေးတွေက လူကိုအသက်ရှူ ဖို့မေ့တတ်အောင် လုပ်နိုင်သည်.. ။

' သူ ငါ့ကို ချစ်ရောချစ်ရဲ့လား.. '

ဒီမေးခွန်းကတော့ သွန်းကို အသတ်ဆုံးပါ.. ။

သွန်း သူ့ကိုမေးသင့်လား.. မေးမိလိုက်လို့မဟုတ်ဘူးဆိုရင်လည်း အားနာရအုံးမယ် ။

တကယ်လို့ဟုတ်ရင်လည်း.. ဟုတ်ရင်လည်း

သွန်း ရှေ့ဆက်မတွေးနိုင်.. ။

ဘာကိုစိုးရိမ်တုန်လှုပ်နေမှန်း သွန်းမသိ..

" သွန်း.. "

" ဟင့် "

အတွေးထဲနစ်နေရင်း ရုံးထဲကနေလမ်းလျှောက်လာချိန် သွန်းရှေ့ ဝါးခနဲရောက်လာတော့လန့်တောင်လန့်မိသွားရသည်.. ။

" အဟက်.. "

သွန်း အတွေးလွန်နေတာ.. ကျွန်တော် ရပ်နေတာတောင်မမြင်လို့ သူ့ရှေ့ရောက်သွားတော့မှလန့်သွားပုံလေးက ချစ်စရာ.. ။

" ကျွန်တော် ရပ်နေတာတောင် မမြင်လောက်အောင် ဘာတွေတွေးနေတာလဲ.. "

" ဟင်.. ဟင့်အင်း "

သွန်း ဒီချိန်မေးလိုက်လည်းရပေမယ့်မမေးဖြစ်ခဲ့လိုက်.. ။

ဟင့််အင်းလို့သာခေါင်းခါခဲ့မိတာ..

" အလုပ်အကြောင်းတွေးနေတာလား.. "

" ဟင် အင်.. နည်းနည်းပါ ဒါနဲ့ လျှံက ဘယ်ကဘယ်လို "

" ရောက်လာတာ ဝမ်းမသာဘူးလား.. "

" အဲ့လိုမဟုတ်ပါဘူး.. မထင်ထားလို့ပါ "

ကိုယ်ချစ်ရတဲ့သူ က ကိုယ့်အနားရောက်လာတာပဲ မပျော်ဘဲဖြစ်နေစရာလား.. ။

" သွန်း ဘာဖြစ်နေတာလဲ.. နေမကောင်းဘူးလား "

ကျွန်တော် နဖူးလေးစမ်းတော့ မျက်လုံးလေးပြူ းပြီး ငေးကြည့်နေပြန်တယ်.. ။

အရင်နေ့ကဆို ကိုယ်ရောက်လာတာနဲ့ပြုံးနေတဲ့မျက်နှာလေးက နည်းနည်းညိုးနေတာ.. ။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now