Part (40)

4.7K 94 0
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (40)

ညကလည်း သားနဲ့တွေ့လာပြီးတဲ့ပြင် ဒီနေ့မနက်လည်း သားနဲ့တွေ့ဖို့အစောကြီးနိုးဖြစ်နေပြန်သည်..။

" ဟိန်း.. အစောကြီး နိုးနေတာလား "

တစ်ဖက်ခန်းက ဖြူ အခန်းထဲ လျှောက်ဝင်လာတာတောင်မသိလိုက်ဘူး.. ။

အစကတည်းက သူနဲ့တစ်ကုတင်ထဲအတူမအိပ်ပေမယ့် ခုတော့အမေတို့ရိပ်မိကတည်းက တစ်ခန်းထဲအတူမနေတော့..။

" အင် "

" ညက ဟိန်းအမေတို့ တော်တော်ကြာတဲ့ထိ စောင့်နေကြသေးတာ.. "

" အင် "

" ဖြူ လည်း စောင့်ပါသေးတယ်.. ဘယ်ချိန်မှ ပြန်ရောက်လာတာလဲ တော်တော်နောက်ကျမယ်ထင်တယ် "

" အင် "

" ခု ဘယ်သွားအုံးမလို့လဲ.. "

" သားနဲ့ သွားတွေ့မလို့ "

" ဟင်.. "

သားဆိုမှ သတိရလို့ ထပ်ပြောရအုံးမယ်..။

ပြောပြီးသား စကားဆိုပေမယ့်လည်း ထပ်သတိပေးရအုံးမည်လေ..။

" ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးထားပေးပါ.. ရပိုင်ခွင့်တစ်ဝက်တွေ တစ်ခြမ်းတွေလည်းစိတ်မဝင်စားလို့ ဒီတိုင်းလက်မှတ်ထိုးပေးရုံပဲ "

" ဟိန်း.. "

" စပြီး သဘောတူထားကြတယ်မလား.. တကယ်ဆို ဒီလောက်ထိအချိန်ဆွဲထားဖို့ မတွေးခဲ့ဘူး ဖြူ လည်း ချစ်ရသူပေါ်လာမှာပဲဆိုပြီးစောင့်နေပေးခဲ့တာ.. ဦးကိုပေးထားတဲ့ကတိလည်းတည်ဖို့ ဒီကြားထဲမင်းကိုမဲ့တစ်ပေါက် မစွန်းအောင်စောင့်ရှောက်ထားပေးခဲ့ပါတယ် "

" ဒါပေမယ့် ဖြူ့မှာခုထိ ချစ်ရသူမရှိသေးဘူးလေ.."

" တစ်ရက်တော့ ပေါ်လာလိမ့်မယ်.. "

" ဟိန်း.. "

" ဆက်ပြီး စောင့်နေပေးပြီးစောင့်ရှောက်ပေးလို့မဖြစ်တော့ဘူး.. မင်းကိုစောင့်ရှောက်ပေးရင်း ငါ့အတွက်တန်ဖိုးရှိတဲ့လူနှစ်ယောက်ကို ဆုံးရှုံးရလိမ့်မယ် .. ကျေးဇူးပြု ပြီး ပြင်ထားပေးပါ မြန်လေအဆင်ပြေလေပဲ "

သွန်းလျှံ မြစ်သွယ် (Unicode) Tahanan ng mga kuwento. Tumuklas ngayon