Part (8)

2.2K 82 0
                                    

သွန်းလျှံ မြစ်သွယ်

🌸pann

Part (8)

နွယ် အလှတွေပြင်ပြီးလို့ ရုံးသွားဖို့ အခန်းထဲကနေ ထွက်ချိန် ဧည့်ခန်းမှာ ထိုင်နေတဲ့ အိမ်ကသားကြီးကိုတွေ့ပြီ.. ။

အိတ်ကို လက်မှာချိတ်ထားနေရာကနေ ပြောင်းပြီး လက်ကနေသာဆွဲလိုက်ကာ..

" သား အနွေးထည်မဝတ်ဘူးလား.. ဒီနေ့ မိုးအုံ့နေတယ်လေ "

" ဘယ်အင်္ကျီ ဝတ်ရမလဲ မသိလို့ သား စဉ်းစားနေတာ.. "

" ဟင်.. သားက ဘယ်အင်္ကျီ ဝတ်ချင်လို့လဲ အင်္ကျီတွေမကြိုက်တော့ဘူးလား ထပ်ဝယ်ပေးရမလား "

စကားပြောနေချိန် ပြေးသံနဲ့အတူ အသံတစ်သံကြားလိုက်ရသည်.. ။

" သား ဖြေးဖြေးဆင်းလေ.. "

အပေါ်ထပ်ကနေ မိုးတို့တွေ ဆင်းလာပြီနေမယ်..။

နွယ် လှည့်ကြည့်တော့ သားငယ်မှာအနွေးထည်အပြည့်စုံနဲ့.. ။

စိတ်တော့ချဉ်လာသည်.. ။

ကိုယ်ကလည်း သဘောမကျတာတွေ့ရင် တန်းဖြေရှင်းတတ်တဲ့သူစားမျိုး..

" မိုးက ဒီလိုခွဲခြားတတ်လား.. "

" ရှင်.. ဘာကိုလဲ မနွယ် "

" တစ်ယောက်က အနွေးထည်နဲ့ တစ်ယောက်ကတော့ အနွေးထည်တောင်မဝတ်ပေးထားဘူး.. "

မနွယ်ကတော့ မဲ့ချင်နေတဲ့မျက်နှာနဲ့ ပြောနေပေမယ့် မိုးကတော့ အသည်းသန်သားကြီးကိုကြည့်လိုက်သည်.. ။

မိုး ခုမှ သားနှစ်ယောက်ကြည့်မိတော့သည်.. ။

ဟုတ်သားပဲ.. မိုး သားကြီးကို အနွေးထည် မဝတ်ပေးထားမိဘူး ။

ဒါကြောင့် မနွယ်က ခုလိုပြောလိုက်တာကိုး..။

စိတ်ထဲမကောင်းပေမယ့် မိုး ရှင်းပြဖို့ပဲအရင်ကြိုးစားလိုက်သည်..

" မိုး အဲ့လိုခွဲခြားတာမျိုးမရှိပါဘူး.. အိမ်အလုပ်နဲ့ရှုပ်နေတာနဲ့တင် သတိမထားမိလိုက်တာပါ"

" သားငယ်တော့ မိုးက သတိထားသားပဲလေ.."

" မနွယ် ဒါ မတော်တဆလေးပါ.. မိုးလည်း မအားတာနဲ့သေချာမစစ်ကြည့်မိရုံဖြစ်သွားတာ မိုးအပေါ်တက်တဲ့ချိန် သားကလည်း ကြိုတင်ပြင်ဆင်ပြီး အောက်ကြိုဆင်းနှင့်နေပြီ.. လာ  သားကြီး မေမေတို့အနွေးထည်သွားဝတ်ရအောင် "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now