Part (21)

2.7K 80 0
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (21)

ဒီနေ့တစ်ရက်တော့ နွယ် သားကို ခေါ်ပြီး shopping ထွက်လာတာ.. ။

နွယ့်သားကို နွယ် အချိန်သိပ်မပေးဖြစ်ဘူး မဟုတ်လား.. ။

မွေးကတည်းကနွယ့်လက်ထဲသိပ်ရှိခဲ့တာမဟုတ်..

မိုးကပဲထိန်းပေးနေတော့ မိုးကိုသားကသူ့ရဲ့အမေလို့ထင်ခဲ့တဲ့ထိ.. ။

သားကို နွယ်တို့ တော်တော်ရှင်းပြပေးခဲ့ရတာ..။

နွယ့်ရဲ့သားပေမယ့် သားက နွယ့်ထက်မိုးကိုပိုရင်းနှီးပိုခင်တွယ်တဲ့သူ..

ခု တစ်ရက်တော့ နွယ်လည်း တစ်ရက်လောက်အနားယူလက်စနဲ့ သားကိုခေါ်ထုတ်လာတာ..။

" သား.. သား လိုချင်တာ စားချင်တာ မှန်သမျှအကုန်ပြော ဒီနေ့တော့ အမေအကုန်ဝယ်ပေးမယ်"

" တကယ်လား.. "

" ဒါပေါ့.. "

" ရေး.. "

မျက်လုံးလေး တောက်ပရွှင်လန်းလာတဲ့ သားရဲ့အပျော်လေးတွေ တွေ့ရတော့ နွယ်လည်းကြည်နူးရပါတယ်.. ။

" မုန့်အရင်စားမလား.. အရုပ်တွေ အရင်ဝယ်မလား "

" အရုပ်.. "

" အိုခေလေ.. "

သားကို လက်ဆွဲပြီး သားလိုချင်တဲ့အရုပ်ဆိုင်ဘက်သို့ သွားလိုက်သည်.. ။

" ဘာလိုချင်လဲ သွားကြည့်.. "

သားရဲ့လက်ကို လွှတ်ပေးပြီး စိတ်ကြိုက်ရွေးခိုင်းလိုက်သည်.. ။

" မေမေ့.. "

သား က အားတက်သရောလေး ခေါ်နေတော့ နွယ် သားအနားခပ်သွက်သွက်လေးလျှောက်သွားလိုက်သည်.. ။

" သား ဒါလေး ယူလို့ရလား.. "

ခလုတ်နဲ့လေယာဉ်ပျံလေး ဘူးလေးကို ထိကိုင်ရင်းနွယ့်ကိုခွင့်တောင်းနေတဲ့ သား..

ဝယ်ပါလို့ ခွင့်ပြုပေးနေတာတောင် ထပ်ပြီးခွင့်တောင်းနေတဲ့ သား.. ။

" အဟွင်း.. သားကြိုက်တာ ဝယ်လေ အမေ ဝယ်ပေးပါမယ်ဆို "

" ဟီး.. ဟုတ် "

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now