Part (47)

3.9K 81 1
                                        

သွန်းလျှံ မြစ်သွယ်

🌸pann

Part (47)

သွန်းတို့အိမ်မှာတင် အလောင်းနှစ်လောင်းတွက် ပြင်ဆင်ထားတာ.. ။

မင်းဖြိုးသူ ကလည်း မိဘမဲ့တစ်ကောင်ကြွက် တစ်ယောက်မို့ သူ့အတွက် ကုသိုလ် လုပ်ပေးမယ့်သူမရှိ..။

ဒီတော့သွန်းတို့ကပဲ သူ့အတွက်ပါတစ်ခါထဲလုပ်ပေးလိုက်သည်..။

အဖေ့အသိတွေလည်း တော်တော်ရောက်လာကြတာမို့ အဖေနဲ့မင်းဖြိုးရဲ့အပြန်ခရီးကမခြောက်ကပ်..။

တစ်ယောက်ထဲလာရပေမယ့် အပြန်ခရီးမှာလိုက်ပို့သူ များတော့သူနေလာခဲ့တဲ့သက်တမ်းတစ်လျှောက်ရဲ့ ကောင်းကျိုးရလဒ်မဟုတ်လား..။

သမီးကျေနပ်သင့်တယ်မလား.. ။

ကြံဖန်ပြီးသမီးအဖေ့အတွက် ဂုဏ်ယူသင့်တယ်မလား..။

" ဟင့်.. ဟင့် အီး "

တင်းထားပါတယ်..။

မပြိုလဲဖို့ တွေးထားပါတယ်..။

ဒါပေမယ့် မရဘူးဖြစ်နေတယ် အဖေ..။

ဓာတ်ပုံဘောင်ကိုကြည့်မိတိုင်း သွန်းအကြိမ်ကြိမ်ပြိုလဲရပါတယ် .. အကြိမ်ကြိမ်မျက်ရည်မိုးတွေရွာသွန်းရပါတယ် ။

" ဟင့်.. ဟင့် "

သွန်း ငိုတိုင်း သွန်းကို သူ့ရင်ခွင်ကျယ်ထဲ ထည့်ထားပေးတဲ့ လျှံ..။

ခေါင်းလေး ကို သပ်ပေးတဲ့ လျှံ.. ။

သွန်းတစ်ချိန်လုံးမျှော်လင့်တောင့်တနေတဲ့သူက သွန်းအနားရောက်လာခဲ့ပေမယ့်... ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့ပေမယ့် ဒီနေ့မှာတော့ သွန်းကိုအပြီးတိုင်နှုတ်ဆက်သွားခဲ့ပြီ..။

ကံကြမ္မာရယ်.. ဒီလို အလဲလှယ်နဲ့တဲ့လား ။

.

အဖေနဲ့မင်းဖြိုး နာရေးကိစ္စအောင်အောင်မြင်မြင်ပြီးသွားပေမယ့် သွန်းတို့အိမ်မှာတော့ ရန်ပွဲတွေမပြီးဆုံးသေးပါ..။

" ခင်ဗျား.. ခင်ဗျားကြောင့် သိလား "

မောင်က မနွယ်ရဲ့ပခုံးစွန်းတွေ ခပ်ဆတ်ဆတ်တွန်းကာ အော်နေသည်..။

သွန်းလျှံ မြစ်သွယ် (Unicode) Where stories live. Discover now